Unicode
"ငါသဘက်ခါသွားရတော့မယ်''
ဘတ်ဟျွန်းစကားအဆုံးချန်းယောလ်ပြုံးခါခေါင်းငြိမ့်ပေမယ့် အနည်းငယ်ပဲဖြစ်ဖြစ်ဝမ်းနည်းသွားမယ်ဆိုတာ ဘတ်ဟျွန်းသိသည်။
"ဘယ်လောက်ကြာမှာလဲ ဘတ်ဟျွန်းနီး''
"641ရက်''
"အာ...အများကြီးပဲ''
ဘာမှမဖြစ်သလိုပြောနေတဲ့ကြားထဲက တိုးဝှေ့ပြီးချလိုက်တဲ့သက်ပြင်းတစ်ချက်ကြောင့် ဘတ်ဟျွန်းမှာနောက်ဆံတင်းသွားရသည်။
မနေ့ကတစ်ရက်အိပ်ယာထနောက်ကျလို့ ဆေးရုံကိုနေ့လည်မှရောက်သွားတော့ ထိုကောင်လေးကပြာယာခတ်နေခဲ့တာမဟုတ်လား။
မင်းမရှိရင်မဖြစ်ပါဘူး ဆိုတဲ့စကားလုံးတွေကိုရယ်စရာသတ်မှတ်ချင်ခဲ့ပေမယ့် ဆန့်ကျင်စွာပဲ ချန်းယောလ်ဆိုသည့်သူနဲ့ကျ ခြေစုံပစ်ယုံလိုက်ချင်မိသည်။မနက်ကိုးနာရီတိုင်းဆေးရုံရောက်လာမယ့်ကိုယ့်ကို အစောကြီးကတည်းကလာစောင့်နေခဲ့တာတွေ
အဆင်မပြေဘူးစိတ်ညစ်နေတယ်ပြောလိုက်တာနဲ့ ကိုယ့်စိတ်ကိုသက်သာအောင်ပျော်စရာတွေပြောပေးတာတွေ
အမေရိကာနိုကြိုက်တတ်တဲ့ကိုယ့်အတွက် နေ့တိုင်းဝယ်လာပေးတာတွေဘတ်ဟျွန်းတို့တွေ့ကြတာက အချိန်ကိုက်ပဲလား
ဒါမှမဟုတ် လွဲမှားသွားဖို့ပဲလား...။သူမှတ်မိနေသလို နည်းနည်းပါးပါးများမှတ်မိနေမလားဆိုတဲ့မျှော်လင့်ချက်နဲ့ မေးတတ်တဲ့မေးခွန်းတွေကိုတော့ဘယ်လိုမှမငြင်းရက်ခဲ့ပါ။
ထိုအချိန်တွေဆို ဘာထူးထူးဆန်းဆန်းအိပ်မက်မှမမက်တဲ့ ကိုယ့်ကိုယ်ကိုပဲထုရိုက်ပစ်ချင်သည်။"အများကြီးမို့ မင်းကမစောင့်ချင်တော့ဘူးပေါ့''
"ကမ္ဘာနဲ့ချီပြီးစောင့်ရမယ်ဆိုရင်တောင် ကျွန်တော်ကစောင့်နိုင်တယ်''
"ဟက်''
ဘတ်ဟျွန်းနှာခေါင်းရှုံ့ပြလိုက်သည်။
ပုံမှန်ဆိုရင်တော့ ဘာလို့ငေးကြည့်နေပြန်တာလဲဆိုပြီး ရန်တွေ့မိဦးမှာပေမယ့် ဒီနေ့တော့မဟုတ်ပါ။
တစ်နှစ်ခွဲနီးနီးမတွေ့ရမယ့်သူကို စိတ်တိုင်းကျပဲခွင့်ပြုထားတော့သည်။
ကြိုက်သလောက်အလွတ်ကျက်...။
တစ်ခုပဲ ငါ့ကိုတော့မမေ့သွားရင်ကောင်းမှာပဲ ချန်းယောလ်...။
YOU ARE READING
MELANCHOLY (Completed)
FanfictionMELANCHOLY 𝗧𝗛𝗘 𝗛𝗔𝗣𝗣𝗜𝗡𝗘𝗦𝗦 𝗢𝗙 𝗕𝗘𝗜𝗡𝗚 𝗦𝗔𝗗. ______________ Nobody knows what will happen after this...!