𝗠𝗘𝗘𝗧

268 66 10
                                    

Unicode

"သားအဆင်ပြေရဲ့လား''

မျက်နှာညှိုးနွမ်းစွာနဲ့ ကားမောင်းနေတဲ့သူ့ကို မေမေကစိတ်ပူစွာနဲ့ မေးလာတာမို့ ချန်းယောလ်ပြုံးပြရင်း ခေါင်းညိမ့်ပြလိုက်သည်။

"ကျွန်တော်ဘာမှမဖြစ်ပါဘူး''

အကြောင်းကိစ္စတစ်ခုခုရှိတယ်ထင်နေတဲ့မေမေက ချန်းယောလ်ပါးကို ခပ်ဖွဖွလေးဖျစ်ကာ အားတင်းထားဖို့ ပြောလာသည်။

ချန်းယောလ်မျက်နှာကို ကျေညက်အောင်ဖတ်တတ်နေတဲ့ မေမေပါပဲ။
ချန်းယောလ်ပြုံးလိုက်မိသည်။

တကယ်တော့သူစိတ်မပါပါ။
အူအတက်ပေါက်လို့ ဗိုက်ခွဲထားရတဲ့ သူ့တူလေးကို ဝမ်းသာအားရစွာ သွားကြိုရမည်ပေမယ့်
သွားရမည့် SNUH အထွေထွေဆေးရုံက သူ့ကိုဝမ်းနည်းစေသည်လေ...။

အိပ်မက်တွေကို အတည်ထင်တတ်တဲ့ ကလေးတစ်ယောက်သာသာရဲ့ ဉာဏ်ရည်ရှိတယ်လို့ပဲ သူ အထင်ခံရပါစေ
သူတကယ်ကြီး အတည်ထင်နေမိတာပါပဲ...။

ဘာလို့မျက်ရည်တွေဝဲလာမှန်းလည်းမသိပါ။
ဒီနေ့ကဆောင်းဝင်စမို့ပဲလား...လမ်းမပေါ်က ငါးပေါင်မုန့်ဆိုင်ကိုပဲ မြင်လိုက်တာကြောင့်ပဲလား...။

သူဝဲလာသည့်မျက်ရည်တို့ကို ပုတ်ခတ်ပစ်လို့ရပေမယ့်
တစ်စထက်တစ်စ နာကျင်လာသည့်ရင်ဘတ်တစ်နေရာကိုတော့ ဖြေဖျောက်လို့မရ...။

နှင်းဖွဲဖွဲတို့က ကားပေါ်ကို ဖြည်းဖြည်းချင်းကျဆင်းလာတော့ သူပိုနာကျင်ရသည်။
ဆောင်းတွင်းနဲ့ပတ်သက်လို့ သူ့မှာလွမ်းမောစရာတွေအပြည့်ပါပဲလေ...။

...

...

...

"ဟုတ်ပြီ မေမေအရင်သွားနှင့်မယ်သား
ဖြည်းဖြည်းမှလိုက်လာခဲ့နော်''

ချန်းယောလ်ခဏဝင်စရာလေးရှိကြောင်းပြောတော့ မေမေကအရင်သွားနှင့်သည်။
တကယ်တော့ချန်းယောလ် ဆေးရုံ(1)နဲ့ ဆေးရုံ(2)လမ်းကြားလေးကို သွားကြည့်ချင်တာဖြစ်သည်။

ဘယ်လောက်ပဲစိတ်စွဲပြီး အိပ်မက်မက်တယ်ဆိုဆို...
ဒီလောက်ကြီး ဆေးရုံတစ်ခုလုံးကို အလွတ်ရနေသည်အထိကတော့ မထူးဆန်းလွန်းဘူးလားလေ...။

MELANCHOLY (Completed)Where stories live. Discover now