𝗨𝗦

317 73 23
                                    

Unicode

"ဘတ်ဟျွန်းနီး ပူမယ်''

မနက်စာတိုင်း နှစ်ယောက်အတူတူစားဖြစ်တဲ့ ငါးပေါင်မုန့်ကို ပူနေမှာစိုးတာနဲ့ ဘတ်ဟျွန်းနီးမစားခင် ကျွန်တော်သတိလှုပ်မိတော့ reception က သူနာပြုမလေးတွေက ရယ်တော့တာပင်။

"သာယာလိုက်တာရှင့်''

သူများအတွဲကို လာကြည့်နေကြတာနော်။
ကျွန်တော့်မှာ ကမ္ဘာကြီးတစ်ခုလုံးကိုပိုင်ဆိုင်ထားရသလိုမျိုးပြုံးပြမိတော့ ဘေးနားကအသေးလေးက ပုခုံးပေါ်ခေါင်းလာတင်သည်။

"အိုက်ယား...''

ဘာလို့အော်ကြတာလဲ ကျွန်တော်သိပါရဲ့။
ကျွန်တော့်ကောင်လေးက အသည်းယားဖို့ကောင်းနေတာကိုး...။

ဆေးသွင်းထားလို့ ကတုံးလေးပြန်ဖြစ်နေတဲ့ကျွန်တော်ရယ် ကျွန်တော့်ရဲ့ကတုံးပေါက်စလေးရယ်က ဒီနေ့တော့ ကျွန်တော့်ဆေးရုံရဲ့အတွင်းဘက် တန်းလျားမှာပဲ ထိုင်နေရသည်။

လေစိမ်းတိုက်မခံတော့ဖို့ ဒေါက်တာဒေါဒေါက အတန်တန်မှာကြားပြီးသကာလ အပြင်မထွက်ရဲတော့ဘူးဖြစ်သည်။

"မောနေလား ဘတ်ဟျွန်းနီး''

ကျွန်တော်ကိုယ်တိုင် စကားတစ်ခွန်းပြောဖို့ကိုအားယူနေရပေမယ့် ပုခုံးပေါ်ကကောင်လေးက ပိုပြီးဖြူဖျော့နေတာမို့ ကျွန်တော့်စိတ်ပူခြင်းတွေဟာ ကျွန်တော့်ခန္ဓာကိုယ်အတွက်ပင်ရှိမနေ...။

ဆေးသွင်းတာတွေရက်ခြားဆိုသလို စိတ်လာတော့ တောင့်ခံနိုင်စွမ်းတွေလည်း နည်းလာပြီပေါ့လေ။

"ချန်းယောလ်ရှိနေတာမို့ နည်းနည်းလေးတောင်မမောဘူး''

နွေးခနဲဆိုဖြစ်သွားတဲ့ညာဘက်ပါးတစ်ဖက်ကို ကျွန်တော့်မှာ မင်သက်မိပြီး ကြောင်သွားရသည်။
ဟာဗျာ...။

"ဘတ်ဟျွန်း...နီး....''

အဆိုးလေးကတော့ မသိချင်ယောင်ဆောင်ပြီး ပြုံးစိစိနဲ့ဟိုဘက်လှည့်နေလေရဲ့။

"ချစ်လိုက်တာဗျာ...''

လက်စားချေမယ်ဆိုပြီးပြန်နမ်းတာတော့မဟုတ်ရပါဘူး။
ဖြူဖျော့ဖျော့ပါးလေးကို တရွှတ်ရွှတ်နဲ့နမ်းပစ်လိုက်တော့ မျက်နှာလေးပင်ရဲလာသယောင်။

MELANCHOLY (Completed)Where stories live. Discover now