CHAPTER 49 - Do it well

9.2K 1.7K 155
                                    

Unicode

စုန့်ရီသိုပြန်လည်လာလို့ ဖုန်းဆွဲယူပီးကြည့်လိုက်တဲ့အချိန်မှာတော့ ရှန်းလီက WeChat list ထဲမှာပျောက်သွားပီဖြစ်တယ် "မင်းဘာလုပ်တာလဲ?"

"သူမင်းကိုစာတွေပို့နေတာကိုမုန်းတယ်" ကုရှင်ချွမ်းကအပြစ်ရှိတယ်လို့လုံးဝမခံစားရဘူး။

စုန့်ရီကဖုန်းကိုရမ်းလိုက်ပီး ဒေါသတကြီးနဲ့သူ့ကိုစိုက်ကြဘ့်လိုက်တယ် "အဲ့ဒါနဲ့မင်းကသူ့ကိုဖျက်လိုက်တယ်ပေါ့"

ကုရှင်ချွမ်းကခေါင်းညိမ့်ပြပီး မရိုးမသားဖြေတယ် "ဆောရီး နောက်တစ်ခါကျမလုပ်တော့ဘူး"

စုန့်ရီမျက်မှန်ကိုပင့်လိုက်ပီး နောက်တစ်ခါရှန်းလီနဲ့ပဋိပက္ခတွေ​မဖြစ်အောင် ဒီကိစ္စကိုသေချာစိတ်ရှည်လက်ရှည်ဖြေရှင်းပေးဖို့ဆုံးဖြတ်လိုက်တယ် "ငါရှန်းလီကိုမကြိုက်တော့ပါဘူး ဒါပေမဲ့ငါကသူနဲ့နှစ်ပေါင်းများစွာသိကျွမ်းလာခဲ့တယ်လေ ငါသူ့ကိုသာမန်သူငယ်ချင်းတစ်ယောက်လိုပဲဆက်ဆံတာပါ"

ကုရှင်ချွမ်းကမျက်လုံးတွေကိုမှေးကျဥ်းလိုက်ပီး စုန့်ရီပါးကို​စိတ်ဆိုးမာန်ဆိုးနဲ့ဖျစ်လိုက်တယ် "မင်းသူ့ကိုစကားပြောတာကိုမကြိုက်ဘူး"

စုန့်ရီကသူ့ရဲ့လက်ဖမိုးကိုဖွဖွလေးပုတ်လိုက်တယ်။ ကုရှင်ချွမ်းကမလွှတ်ချင်လွှတ်ချင်နဲ့ပါး​ကိုလွှတ်ပေးလိုက်တယ်။ စုန့်ရီကတည်တည်ငြိမ်ငြိမ်ပြောလိုက်တယ် "ရှန်းလီကအရင်ကငါ့ကိုကူညီပေးခဲ့ဖူးတယ် အထက်တန်းတုန်းကငါတို့မိသားစုအခြေအနေကိုမင်းလဲသိမှာပါ ငါအထက်တန်းပထမနှစ်တုန်းက ငါ့အဖေကအသည်းအသန်နေမကောင်းဖြစ်တယ် အဲ့ဒီအချိန်တုန်းက ရှန်းလီကငါ့တို့ကို ယွမ်ငါးသောင်းပေးပီး အရေးပေါ်လိုအပ်နေတာကိုဖြေရှင်းပေးခဲ့တယ် ငါကသူ့ရဲ့ကြင်နာမှုကိုအမြဲသတိရနေမှာ သူအကူအညီလိုရင်ငါကသေချာပေါက်​ကူညီပေးမှာ"

ရှန်းလီကိုပညာသင်ခွင့်အစားပြန်ပေးခဲ့ရပေမဲ့ အဲ့တာကသိပ်ပီး​တော့လဲအရေးမကြီးဘူး။ သူ့မိသားစုကအသုံးစရိတ်တွေမထောက်ပံ့နိုင်တာမို့ ရှန်းလီကိုပေးလိုက်လဲသူ့အတွက်အဆင်ပြေပါတယ်။

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now