Part6(uni+zawgyi)Fa အကျိုးဆောင် ခခွေးတစ်ကောင်

152 16 6
                                    

Uni

အထက်တန်းကျောင်းရောက်လာလို့ အားလုံးလှလှပပလေးတွေဝတ်စားပြီး ချစ်စရာကောင်းနေသလောက်

မိုးမခကတော့ .........

"ခခရယ် ငါလေ နင့်ကိုပြောပေါင်းလည်းများပြီ ဆံပင်လေးဖြီးသွားပါလို့"

​"မေမေကလည်း ခခအစောကြီးထဲကပြောသားပဲ အဲ့ဒါတွေက ပကာသနတွေပါလို့ ဆံပင်ဖြီးသွားလည်းခခပဲ မဖြီးလဲခခပဲ ဘာကွာလဲ မေမေသဲတုန်ခခကတစ်ယောက်တည်း ဘာလို့အပင်ပန်းခံပြီးဖြီးစေချင်နေရတာလဲ"

"အေး ညည်းတော့လေ ငါမပြောလိုက်ချင်ဘူး နောက်မှ ငါအဲဆံပင်တွေဆွဲညှပ်ပစ်ဦးမယ်"

"ဟာမေမေ အတော်ပဲ ခကို ကတုံးတစ်ခါတည်းတုံးပေးပါလား ခဆံပင်ရှည်မထားချင်လို့😁"

"မိုးမခ ညည်းသေတော့မယ်နော် ငါလေ တယ် လုပ်လိုက်ရ"

အခန်းထဲဝင်လာတဲ့ သက်နိုင် သမီးနဲ့မိန်းမရန်ဖြစ်နေတာကိုကြည့်ပြီး

"ကဲ ဒီသားအမိတွေ ဘာဖြစ်ပြန်ပြီလဲကွာ"

"ကို ကို့သမီးကိုကြည့်ပြောဦး ဒီမှာလုံးဝဆုံးမလို့မရဘူး ဘီးလေးဖြီးသွားပါဆိုတာကို ကတုံးတုံးမယ်တဲ့"

"ဟာ သမီးကလည်း ကတုံးတော့မတုံးပါနဲ့ တိုတိုလေးညှပ်မလား ဖေဖေညှပ်ပေးမယ်"

မိုးမခတစ်ယောက် ပြုံးပြီးခေါင်းတွေငြိမ့်နေပြီ

"တော်တန်တိတ် ဒီမှာကိုသက်နိုင် ရှင်လည်းသူဆံပင်ကိုညှပ်ဖို့မကြိုးစားနဲ့ မိုးမခ ညည်းလည်းငယ်ငယ်ကလို ကတုံးတုံးဖို့ဉာဏ်နီဉာဏ်နက်တွေထုတ်လာကြည့် သားအဖနှစ်ယောက်လုံးအိမ်ပေါ်ကနေဆင်း ဒါပဲ လာခု ငါခေါင်းဖြီးပေးမယ်"

မိုးမခငိုမဲ့မဲ့နဲ့ သူအမေနားသွားတယ်

"ခခွေးရေ ခခွေး"

"ဟဲ့ငါဒီမှာ ကကြီးလာ"

"ဟ နင်ကစောစောစီးစီးအလှတွေပြင်ပြီး ဘာ်သွားမို့လဲ"

"ဟဲ့ကျောင်းသွားဖို့လေ ခခက ခေါင်းပဲဖီးတာပါဟယ် ဘယ်မှာအလှပြင်လို့လဲ"

ကကြီးပြောလည်းပြောချင်စရာလေ သူတစ်ခါမှ ဘီးဖြီးပြီးကျောင်းမသွားတော့ အလှပြင်ပြီး အပြင်သွားမယ်ထင်တာပေါ့
"ဟဲ့ ဂငယ်ရော"

ကခဂWhere stories live. Discover now