Part9 လက်ကျိုးခြင်းအနုပညာ

146 18 8
                                    

Uni

လက်ကျိုးနေတဲ့ကောင်လေးကို ဆေးရုံလာကြည့်တဲ့ သူငယ်ချင်းနှစ်ယောက်ကိုကြည့်ပြီး သော်ကမိဘတွေ ငိုအားထက်ရယ်အားသန်နေကြတယ်

သားတစ်ယောက်လုံးလက်ကျိုးနေတာတောင် ရယ်နေနိုင်တာလည်းမဆန်း

ကြည့်လေ သော်ကရော အဂ္ဂပါ လူနာကုတင်အောက်မှာ ဒူးလေးထောက်ပြီး မိုးမခကိုကျေနပ်တဲ့ထိတောင်းပန်နေရတာလေ

​အဂ္ဂမိုးယံက လက်ပါမြှောက်ထားရတာ သော်ကခင်ဗျာတော့ လက်ကျိုးနေလို့ လက်မြှောက်ရခြင်း အမှုကိုလုပ်ဆောင်စရာမလိုဘူးတဲ့

သော်ကထွဠ်ခေါင်ရဲ့ဒါဏ်ရာက ကျိုးသွားလို့ ကျောက်ပတ်တီးစီးထားရတာပေမယ့် ကုတင်ပေါ်လဲှနေစရာမလို

လူနာကုတင်ပေါ်မှာလူနာမရှိတော့ ဘယ်သူရှိနေတာလဲ

ထင်တဲ့ အတိုင်း မိုးမခ ကုတင်ပေါ်မှာ လူနာသတင်းမေးပြီးပေးသွားတဲ့ မုန့်ပေါင်းစုံကို စားသောက်ပြီး မိန့်မိန့်ကြီးထိုင်နေတာများ မျောက်ဘုရင် စွန်းဝူခုန်းဝင်စားသနားမှတ်ရတယ်

"ခခွေးရာ စိတ်မစိုးပါနဲ့တော့ ငါတို့လက်လည်းညောင်းလှပြီး ဒူးတွေလည်းနာလှပြီ"

ဂငယ်ပြောတာကို ကကြီးကပါ ထောက်ခံတဲ့သဘောနဲ့ ခေါင်းငြိမ့်ပြတယ်

"တော်စမ်း နင်တို့ကို ပြန်ခေါ်စေချင်ရင် ဒီအတိုင်းတစ်နာရီနေနော် မနေရင် ငါ တစ်သက်လုံးမခေါ်တော့ဘူး ဘာလည်းငါမရှိလည်းဖြစ်တယ်ပေါ့ဟုတ်လား အဂ္ဂမိုးယံ"

"ဟေ့ကောင် အဂ္ဂ မင်းဘာဖြစ်လို့ပြောလိုက်တာလဲ ခခွေးငါမပါဘူးနော် ငါက အေးဆေးဒူးထောက်နေတာ ငါ့ကိုခေါ်နော်"

ဂငယ်က ကကြီးကိုမျက်စောင်းထိုးလိုက်ပြီး ခုကျမှဆိုတဲ့သဘောနဲ့ နုတ်ခမ်းထော်ပြီး

"ခခွေး အဲ့တာ ကကြီး အကြံပေးတာ ငါဘာမှမသိဘူး ငါကဖြူစင်ပါတယ်ဟာ
နင်ငါ့ကိုတော့ခေါ်ပါနော်"

ကခဂWhere stories live. Discover now