Part14(ဉာဏ်နီဉာဏ်နက်တွေအပြည့်ဖြင့်)

60 4 3
                                    

"Uni

"အဓိကကတော့ ခခလေးရဲ့ကျန်းမာရေးကိုပဲ စ်ိုးရိမ်မိတယ်ကွယ် အဲ့တော့ ညီမတို့က အဲ့မှာပဲ အပြီးနေကြတော့မယ့်သဘောလား"

"အဲ့လိုလဲ မဟုတ်သေးပါဘူး ခခလေးကို လပိုင်းလောက်တော့ ခေါ်သွားမလားလို့လေ ပြီးတော့ ကျောင်းကိုလဲ အောက်လိုက်ရမှာမျိုးမဖြစ်စေချင်ပြန်ဘူး "

"အင်း ဒါလဲဟုတ်တာပဲ သူလေးနေကောင်းဖို့က အရေးအကြီးဆုံးပါလေ ကျန်တာကတော့ အဆင်ပြေအောင်နေကြရမှာပေါ့ "

"..........."

"ကဲပါညီမရယ် ဘာမှတော့ စိတ်ပူမနေပါနဲ့ ခခက သိပ်သန်မာတာပဲမလား သူလေးအဆင်ပြေမှာပါ အင်း အစ်မတို့တော့ ခခလေးမရှိရင် ဘယ်လောက်လွမ်းကောင်းလိုက်မလဲနော် တော်တော်နေရထိုင်ရ ကျပ်ဦးမှာပေါ့ "

"ညီမတို့လည်း ခခကိုတော်တော်ပြောယူရဦးမှာ အစ်မရဲ့ သူက သော်ကတို့ကိုတော်တော်ချစ်ရှာတာ ခုလိုလနဲ့ချီပြီးသွားရမယ့်ကိစ္စသာသူသိလို့ကတော့ တော်တော်ပေါက်ကွဲမှာ သူ့ကိုတော့~"

"မေ့ ခခသူတို့ကိုမခေါ်တော့ဘူး အဲ့ကောင်တွေက လူဆိုးတွေ"

ပြောလို့မှမဆုံးသေး ခြေဆောင့်ကာ ဧည့်ခန်းထဲဝင်လာတဲ့ သမီးလေးကိုကြည့်ကာ
နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပြုံးမိကြတော့

"မေ့ ခခကိုကြည့်သိလား ဂငယ်လေ သမီးပန်းကန်ထဲက ကြက်သားတွေအကုန်လုံးကို လုစားသွားတယ် ဟီးအီး"

"ခခရာ ငါတို့ကစတာပါ လာ ပြန်လာယူ ဂငယ်ပါးစပ်ထဲက ငါပြန်ထုပ်ပေးမယ် ဟားဟားဟား"

"အီးဟီး မေမေတွေ့လား သူတို့နှစ်ယောက်လုံးကို ခခမခေါ်တော့ဘူး😭😭😭😭"

...........

ဘယ်လို လွယ်အိတ်မေ့ခဲ့လို့ ဟုတ်လား မိုးမခ နေပါဦး ဘယ်မှာကျန်ခဲ့တာလဲ "

"အဲ့တာပဲ ခခလဲ မေမေ့ကိုမေးမလို့ ကျောင်းသွားတည်းက ပါသွားရဲ့လားလို့ အော် သိပြီ ပါတယ်ပါတယ် ကျောင်းမှာတောင် စာထုပ်ရေးသေးတယ်ဆိုတော့လေ ဟီး ဟီး "

"ဒါဆို ဘယ်မှာကျန်ခဲ့တာလဲ ခခရယ်"

"ကျောင်းကားပေါ်မှာလား အပြန်ကျောင်းကားပေါ်မှာများထားခဲ့လား မသိဘူး"

You've reached the end of published parts.

⏰ Last updated: Apr 16 ⏰

Add this story to your Library to get notified about new parts!

ကခဂWhere stories live. Discover now