Part8(uni+zawgyi)ပြေးနိုင်မှလွတ်မယ်

143 15 4
                                    

Uni
"မင်းကလဲကွာ ဟုတ်လို့လားကွ"

"ဟာ မင်းမယုံရင် သော်ကထွဠ်ခေါင်ကိုမေးကြည့်"

ဂငယ်ပြောတာကို မယုံတစ်ယုံတစ်ဝက်နဲ့ဖြစ်နေတာကြောင့် သူရိန်မိုးတစ်ယောက် ကကြီးဘက်လှည့်ကြည့်လိုက်တယ်

တကယ်ပဲဆိုတဲ့သဘောနဲ့ ခေါင်းတွေငြိမ့်ပြနေတာကြောင့် သူရိန်မိုးငိုမဲ့မဲ့ဖြစ်သွားတယ်

"ငါက မိုးမခကို မိုးမခကို မကြာခင် ရည်းစားစကားဖွင့်ပြောတော့မလို့"

"အေးကွာ ငါတို့နားလည်ပါတယ် မင်းလည်း အချစ်ဦးဆိုတော့ခံစားရမှာပေါ့ ဒါပေမယ့် မိုးမခအကြောင်းမင်းသာမသိတာ တစ်တန်းလုံးသိတယ်"

"ဟေ့ကောင်ဂငယ်ရ မင်းကလည်း သူကဒီနှစ်မှကျောင်းပြောင်းလာတဲ့ဟာကိုဘယ်လိုသိမှာလဲ"

"အော်အေးဟုတ်သားပဲနော် ငါမေ့သွားလို့ မနှစ်ကများဆို သူခဏခဏဖြစ်တာကွ"

"ဒါဆိုသူကတကယ်ပဲ ဝက်ရူးပြန်နေကြပေါ့ ဟုတ်လား"

"အေးဆို ဝက်ရူးပြန်တယ်ဆိုမှ ဟိုနေ့ကတောင် သူ့အမေသူ့ကို ကျောင်းကနေအစောကြီးပြန်လာခေါ်သွားတာသိတယ်မလားအဲ့နေ့ကလည်း ငါတို့နဲ့ထမင်းစားနေတုန်း သူအကြောတွေဆွဲလာလို့ ငါတို့ပဲ သူ့အမေကိုဖုန်းဆက်ခိုင်းပြီး လာခေါ်ခိုင်းလိုက်တာ"

"ဟုတ်တယ်ကွ ကြည့်ပါလား သူကိုမိန်းကလေးတွေဆို တစ်ယောက်မှ အပေါင်းအသင်းမလုပ်ဘူး

မလုပ်ဆို သူကလည်း မထင်ရင်မထင်သလို ဝက်ရူးကထထပြန်နေတာမို့ ဘယ်သူ့မှ သူ့ကို အပေါင်းအသင်းမလုပ်ရဲတော့ဘူးလေ ငါတို့တောင် တစ်ခါတစ်လေ ခံရတယ်ကွ"

"ဒီထပ်ပိုဆိုးတာကမနှစ်က သူ့ကိုရည်းစားစကားလာပြောတဲ့သူဆို  ဟိုကပြောနေတုန်းကြီး မိုးမခက ဝက်ရူးထပြန်ပြီး လည်ပင်းထညှစ်လို့လေ"

"ဟုတ်တယ် သူကစိတ်လှုပ်ရှားတာနဲ့ အဲ့လိုဖြစ်ဖြစ်သွားတာလေ"

ကကြီးပြောစကားကို နားထောင်ရင်း သူရိန်မိုးရဲ့ မျက်နှာ ဇီးရွက်လောက်ပဲကျန်တော့တယ်

အဲ့အချိန် ခခွေးတစ်ကောင်ရောက်လာပြီး

"ဟဲ့ ဘာတွေစကားကောင်းနေတာလဲ ပြန်မယ်လေ အတန်းထဲမှာဘယ်သူမှတောင်မကျန်တော့ဘူး"

ကခဂWhere stories live. Discover now