Chapter1

2.2K 98 6
                                    

Unicode

နာရီ နှိုးစက် မမြည် ခင် တစ်မိနစ် အလို ၅ နာရီ ၄၉ မိနစ် မှာ ယွီဟွား အချိန်မှီ နိုးလာခဲ့တယ်။ သူနှိုးစက် ကို ပိတ်ပြီး ဂရုတစိုက်နဲ့ အိပ်ရာ ပေါ်က ဆင်းလာခဲ့တယ်။ ယိုကျန်းဖျင် က သူ့နားမှာ လှဲနေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလျက် ။

ယွီဟွားက ၂၇ နှစ် ရှိနေပြီ ဖြစ်ပြီးတော့ သူက ယိုကျန်းဖန်  ရဲ့ ကြင်ယာဖက် ။ သူက တရုတ် အကောင်းဆုံးတက္ကသိုလ် သုံးခုထဲက တစ်ခုဆီကနေ ဘွဲ့ ရရှိခဲ့ပြီးတော့ လူသိများတဲ့ ဘဏ္ဍာရေး ကုမ္ပဏီ တစ်ခုမှာ နှစ်စဥ် လစာ သိန်းပေါင်းရတဲ့ လူ့ စွမ်းအား အရင်းအမြစ် ဋ္ဌာန ရဲ့ ဒါရိုက်တာ တစ်ဦးဖြစ်တယ်။သူ ရှောင်လွဲလို့မရတဲ့ လူမှုရေးပွဲတွေ၊ ကုမ္ပဏီလုပ်ငန်းဆောင်တာ တွေသာ မရှိရင် သူနေ့တိုင်း ၆ နာရီ အရောက် အိမ်ပြန်လေ့ရှိကာ သူ ည ၁၁ နာရီမတိုင်ခင် အိပ်ရာဝင်ပြီး ၆နာရီ နှိုးစက် မမြည်ခင်ပိတ်ဖို့ တစ်မိနစ် နှစ်မိနစ်လောက် စောထလေ့ရှိတယ်။နေ့ခင်းဘက်မှာတော့ အလုပ် အခြေနေပေါ်မူတည်ပြီး နာရီဝက် တစ်နာရီလောက် အနားယူလေ့ရှိတယ်။

သူက သူ့ရှိရင်းစွဲ အသက်ထက်ပိုပြီးတော့ အေးအေးဆေးဆေး တည်ငြိမ်ငြိမ် ဖြစ်သော်လည်း
သူ့ရဲ့ နက်ရှိုင်းလွန်းတဲ့ မျက်ဝန်းတွေထဲမှာ လျှို့ ဝှက်ချက်တစ်စုံတရာတော့ ရှိပုံပေါ်သည်။ သူ့ရဲ့ ဒီနှစ်တွေ တစ်လျှောက်မှာ လေ့​ကျင့်ခန်းလုပ်တက်တဲ့ အကျင့်ကောင်းလေးက သူပုံရိပ်ကိုမြင့်တင်ပေးနေတယ်။ သူ့ရံ တင့်တယ်တဲ့ ဝတ်စုံက သူ့ကြွက်သားတွေကို ဖုံးထားပြီး ဟော်မုန်းတွေကို ထိန်းချုပ်ထားတဲ့ အော်ရာ အဖြစ်ပြောင်းလဲပေးနေ သည်။


ယွီဟွားရဲ့ ဟင်းချက်တဲ့ စကေးကလည်း အရမ်းကောင်းတယ်။ သူက စောစောထပြီးတော့ သူ့ ပါတနာ အတွက် မနက်စာ ပြင်ပေးရတာကို သဘောကျတယ်။ ယိုကျန်းဖန် ပျော်ပျော်ရွင်ရွင် နဲ့ မနက်စာစားတာကို သူမြင်လိုက်တဲ့ အချိန်တိုင်း ပျော်ရွှင်မှုဆိုတဲ့ ခံစားချက်က ယွီဟွားရဲ့ နှလုံးသား ထဲမှာ ပေါက်ဖွားလာမြဲ။

မနက် ၇:၃၀ လောက်မှာ ယိုကျန်းဖန်တစ်ယောက် မနက်စာ မွှေးမွှေး နဲ့ ဆွဲဆောင်ခြင်းခံလိုက်ရတယ်။

Mr.ယိုယွီက ငြိမ်းချမ်းတဲ့ဘဝလေးမှာ နေထိုင်ချင်တယ်[မြန်မာဘာသာပြန်] draftWhere stories live. Discover now