Ch 9

522 60 10
                                    

Unicode

"သူပြောတာ အမှန်ဘယ်နခုပါမယ်ထင်လဲ" စစ်ဆေးမေးမြန်းပြီးနောက် ဒါရိုက်တာရှောင်သည် ကျန်းလီကိုစောင့်ကြည့်ရန် လူနှစ်ယောက်ချန်ခဲ့ပြီး အခြားသူများနှင့်ဆွေးနွေးရန် အသံလုံခန်းထဲသို့ဝင်သွားသည်။

စန်းရှောင်သည် စစ်ကြောရေးမှတ်တမ်းကို မိတ္တူကူးကာ တစ်ဦးချင်းစီကိုဝေပေးခဲ့သည်။ ဒါရိုက်တာရှောင်နှင့် ရွယ်တူကာကွယ်သူက "အမှန်နဲ့အမှားကို ရောထားတာလို့ ငါထင်တယ် သူကလိမ်တာတော်တာပဲ"

သူက ဖျော့ဖျော့လေးပြုံးရယ်လိုက်ကာ အတိတ်နေ့ရက်များကို အမှတ်ရလာပုံပေါ်သည် "ဒီလောက်တုံးတဲ့ဖျက်စီးသူကို ငါပထမဆုံးတွေ့ဖူးတာပဲ"

"ပြီးတော့ သူကငါတို့ကို ဖုန်းappနဲ့finialboss အကြောင်းကို ကိုယ့်ကိုယ်ကို မဖျက်စီးပဲ ဖွင့်ပြောပုံထောက်ရင် သူ ဖျက်စီးသူမဟုတ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်"

ကာကွယ်သူတွေကို အလွယ်တကူအရူးလုပ်၍မရ။

သူတို့သည် စစ်တိုက်ခဲ့ကြပြီး အမျိုးမျိုးသော ဖျက်စီးသူများ ကိုတွေ့ခဲ့ဖူးသည်။ သူတို့သည်ထောင်ချောက် အမျိုးမျိုးကိုတွေ့ကြုံခဲ့ရသည်။ ကျန်းလီ၏ ရဲ့စကားကို သူတို့လွယ်လွယ်ကူကူမယုံကြပေ။

ဒါရိုက်တာ ရှောင်က " ဒီဖုန်းကို နည်းပညာရှင်တွေနဲ့ အကြိမ်များများ စမ်းသပ်ခဲ့ပေမဲ့ သူတို့က ဒီဖုန်းထဲမှာ ကျန်းလီပြောတဲ့ app မရှိဘူးဆိုတာ အတည်ပြုခဲ့တယ် ပြီးတော့ငါ့မှာ စွမ်းအားတွေကို ဖော်ထုတ်နိုင်တဲ့ စကေးရှိတဲ့ ကာကွယ်သူတစ်ယောက်ရှိတယ် သူလည်း ထူးခြားတဲ့ စွမ်းအားကို အာရုံမခံမိဘူးတဲ့ ဖုန်းထဲက စွမ်းအားက ငါတို့မယူဆောင်နိုင်တဲ့စွမ်းအား ခြေရာမခံနိုင်တဲ့ အမှောင်အစွမ်းအား ဒါမှမဟုတ် ထင်ယောင်ထင်မှားတာလည်းဖြစ်နိုင်တယ်"

"ထင်ယောင်ထင်မှားဖြစ်တယ်? " ယိုကျန်းဖန်၏ ကာကွယ်သူ မျိုးဆက်သစ်ငယ်ငယ်လေးများသည် ကြည့်ရှုလေ့လာရန်၊ အကြီးကဲများ၏ အတွေးများကိုနားထောင်ကာ ဖျက်စီးသူများအကြောင်းပိုမို သိရှိနားလည်ရန် ဤအစည်းဝေးအတွင်းရှိနေကြသည်။ တစ်ချိန်တည်းမှာပင် သူတို့၏ ဆန်းသစ်သောအကြံပြုချက်များကိုလည်း တင်ပြခဲ့ကြသည်။

Mr.ယိုယွီက ငြိမ်းချမ်းတဲ့ဘဝလေးမှာ နေထိုင်ချင်တယ်[မြန်မာဘာသာပြန်] draftUnde poveștirile trăiesc. Descoperă acum