Ch5

310 65 0
                                    

Unicode

"ငါကတော့ မင်းတို့ ကွာကွယ်သူ မျိုးဆက်သစ်တွေက ကောင်းချီးပေးခံရတယ်လို့ထင်တယ်"ယိုကျန်းဖန် နဲ့ အခြား ကာကွယ်သူတွေရဲ့ အထက်လူကြီး ဖြစ်တဲ့ ဒါရိုက်တာ ရှောင်က ယိုကျန်းဖန် ပို့ပေးလိုက်တဲ့ အစီရင် ခံစာကိုကြည့်ပြီး ပြောလိုက်သည်။ သူ့အမူရာက ခက်ထန်နေသည်။

ဒါရိုက်တာ ရှောင် သည် ယိုကျန်းဖန်နှင့် အခြားသူများ၏ တိုက်ရိုက် အထက်လူကြီး ဖြစ်ပြီး အရင်တုန်းက အတော်ဆုံး ကာကွယ်သူ ဟု အမည်တွင်ခဲ့သည်။

သူက ၄၃ နှစ်ရှိပြီး သူ၏ ပုံရိပ်ကို ကောင်းစွာ ထိန်းသိမ်းနိုင်သည်။ ပုံမှန်အားဖြင့် သူသည် အိမ်နီးနားချင်းကဲ့သို့ ယုံကြည်စိတ်ချရသောသူ ဖြစ်သည်။ အချိန် တိုက်စားမှု၏ သင်္ကေတ သဖွယ် ဖြစ်နေသော မျက်ခုံးစောင်းစောင်းများတွင် သူ၏ စိတ်အားထက်သန်မှုကို တွေ့နိုင်သည်။

" ဖြစ်နိုင်မယ်ဆိုရင် မင်းတို့တွေ တစ်ဘဝလုံး ဖျက်စီးသူ တွေနဲ့ မတွေ့ဆုံ ရစေချင်ဘူး" ဟု ဒါရိုက်တာ ရှောင် ပြောလိုက်သည်။

ယိုကျန်းဖန်တို့လို ငယ်ရွယ်တဲ့ မျိုးဆက်သစ် ကာကွယ်သူတွေက ဖျက်စီးသူများကို တစ်ခါမှ မမြင်ဖူးပေ။ သူတို့က ဖျက်စီးသူများ နှင့် ပတ်သက်သမျှ အားလုံး အကြောင်းကို စာအုပ်ထဲမှ သင်ယူခဲ့ရခြင်း ဖြစ်သည်။ သူတို့တွင် တကယ့်တိုက်ပွဲ အတွေ့ကြုံ မရှိချေ။

ယိုကျန်းဖန် တွန့်ဆုတ်သွားပြီးနောက် " ကျွန်တော် လွန်ခဲ့တဲ့၁၅ နှစ်က အရံကာကွယ်သူအဖြစ် ဆရာ့ရဲ့ ရွေးချယ်ခြင်း ခံခဲ့ရတယ် ဆရာက အနာဂတ်မှာ ကျွန်တော်တို့ ရန်သူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ်လို့ ပြောခဲ့တယ် ဒါပေမဲ့ ၁၅ နှစ် သာကုန်သွားတယ် ကျွန်တော်တို့ ဖျက်စီးသူတွေရဲ့ နားကိုတောင် မဖြတ်လျှောက်ရသေးဘူး အဲ့တာ ဘာလို့လဲ?"

ဒါရိုက်တာ ရှောင် ခေါင်းခါလိုက်ပြီး အလေးနက် ပြောလိုက်သည်။ "ငါလည်းနားမလည်ဘူး လွန်ခဲ့တဲ့ ၁၅နှစ် ငါတို့ရဲ့ ခေတ်တုန်းက ဖျက်စီးသူတွေက ငါတို့ ကမ္ဘာကို အမြဲတမ်းလာခဲ့တယ် သူတို့က လူစုလူဝေး ကြားထဲမှာ ရည်ရွယ်ချက်အမျိုးမျိုးတွေနဲ့ ပုန်းနေခဲ့ကြတာ သူတို့ အဖမ်းခံရပြီဆိုရင် သူတို့ ကိုယ်သူတို့ သတ်​သေကြတယ် ငါတို့ ဖျက်စီးသူတွေနဲ့ နှစ်ပေါင်းများစွာ တိုက်ခိုက်လာပေမဲ့ ဒီနေ့ အထိ သူတို့နောက်ကွယ်က စွမ်းအားအ​ကြောင်း ဘာမှမသိသေးဘူး"

Mr.ယိုယွီက ငြိမ်းချမ်းတဲ့ဘဝလေးမှာ နေထိုင်ချင်တယ်[မြန်မာဘာသာပြန်] draftWhere stories live. Discover now