CHAPTER 50 - You will regret this!

10.2K 1.7K 234
                                    

Unicode

ကမ္ဘာကြီးကတိတ်ဆိတ်ငြိမ်သက်နေပီး ပင်လယ်ပြင်ဆီကလှိုင်းသံလေးတွေကအဆုံးမရှိဘူး။ တစ်ဦးချင်းစီရဲ့နှလုံးခုန်နှုန်းတွေကတထိတ်ထိတ်နဲ့တစ်ခုခုပီးတစ်ခုဖြည်းညှင်းစွာနဲ့စည်းချက်ညီညီခုန်နေတယ်။

ကုရှင်ချွမ်းနိုးလာခဲ့တယ်။ သူ့ပါးကစုန့်ရီရဲ့လည်ပင်းထဲမှာမြုပ်နေပီး ရှူရှိုက်ရတဲ့လေကပေါ့ပါးတယ်။ သူ့ရဲ့အိပ်ငိုက်နေတဲ့မျက်လုံးတွေကိုမှေးကျဥ်းလိုက်ပီး ခေါင်းကိုအနောက်ကိုယို့လိုက်တယ်။ သူ့လက်မောင်းတွေကြားထဲကကိုယ်လုံးလေးကနွေးနွေးလေး။ စုန့်ရီရဲ့အသက်ရှူသံကရှည်ကြာပီး နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေတယ်။

ကောင်းကင်ကမှိန်ဝါးဝါးဖြစ်နေဆဲဖြစ်တယ်။လှိုင်းလုံးတွေကကမ်းခြေကိုရိုက်ခတ်နေပီး မြို့ထဲမှာမနက်ခင်းမြူတွေနဲ့မှိုင်းနေတယ်။

စုန့်ရီမျက်တောင်မွှေးတွေကအရမ်းရှည်တယ်။ သူ့မျက်လုံးအစွန်းလေးဘေးမှာအရိပ်ကျနေတာကို အလင်းရောင်မှိန်မှိန်အောက်မှာမြင်နေရတယ်။ မျက်ရစ်လေးကထင်ရှားပီး ဆန်းစသော်တာလဝန်းလေးလိုပဲ။ နှာတံလေးကလဲ​စင်းစင်းလေး။ ကံမကောင်းစွာနဲ့ တစ်ချိန်လုံးမျက်မှန်တပ်ထားတဲ့အတွက်ကြောင့် နှာတံရိုးလေးပေါ်မှာအနီရောင်အရာလေးရှိနေတယ်။ ကုရှင်ချွမ်းအဲ့တာကိုဂရုတစိုက်သေချာကြည့်နေတယ်။ ခနနေတော့ သူမထိန်းနိုင်ဘဲလက်လေးမြှောက်ပီးထိကြည့်လိုက်တယ်။

စောစောချစ်ကြိုက်ပီးစောစောလက်ထပ်သွားကြတဲ့သူ့ဘေးနားပတ်ပတ်လည်ကလူတွေကိုသူရှုံ့ချလေ့ရှိခဲ့တယ်။ သူ့ဘဝကြီးကအရမ်းတောက်ပနေပီးတစ်စုံတစ်ယောက်နဲ့ချည်နှောင်လိုက်ရင် အရမ်းသနားစကောင်းသွားမယ်လို့သူတွေးခဲ့ဖူးတယ်။ သူငယ်ရွယ်နေတုန်းအချိန်မှာသူကြိုက်နှစ်သက်တာတွေလုပ်သွားမယ်လို့ပေါ့။ ဒါပေမဲ့အခုတော့...

သူစုန့်ရီနဲ့အတူတူရှိနေချင်တယ်။ အပြင်ဘက်ဘဝကြီးကဘယ်လောက်ပဲကြီးကြီးအရေးမပါတော့ဘူး။ သူ့ရဲ့ဇနီးလေးနဲ့ကလေးလေးတွေလောက်ဘယ်တာကမှအရေးမကြီးတော့ဘူး။

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now