Extra !!!

3.3K 195 6
                                    

သာယာတဲ့မနက်ခင်းလေး။

အရုပ်လေးနဲ့အတူ မွေးနေ့ရက်မှာ ပျော်ပျော်ပါးပါးနေဖို့ ရိပေါ်စဥ်းစားထားတယ်။ကုမ္ပဏီပိတ်ရက်မဟုတ်ပေမဲ့ မသွားတော့ဘူး။အခုတော့ အိပ်နေဆဲဖြစ်တဲ့ အရုပ်လေးကိုနှိုးရမယ်။

" အရုပ်လေး ထတော့ "

" အင်း ကိုကိုယောက်ျား Morning Kiss "

ပါးလေးတွေကို နမ်းလိုက်ပြီး Pajamas လေးနဲ့ အရုပ်လေးကို ရိပေါ်ကောက်ချီလိုက်တယ်။

" ကိုကို.... မွ "

ရင်ခွင်ထဲက အရုပ်လေးက ခဏတာ ပြန်မှေးနေတုန်းမို့ ရေချိုးခန်းထဲဝင်ပြီး မျက်နှာသစ်သန့်စင်ပေးလိုက်တယ်။ပြီးမှ ပြန်ထွက်လာပြီး အရုပ်လေးကို မွေ့ယာပေါ်ချပေးလိုက်တယ်။ မျက်လုံးလေးနှစ်ဖက်ကို ပွတ်ပြီး ရိပေါ်ကို လိုက်ကြည့်နေတဲ့အရုပ်လေးက အိပ်ပုတ်တဲ့ ကြောင်ကလေးအတိုင်း။Suit ကိုမရွေးပဲ ပေါ့ပေါ့ပါးပါး Shirt လေးကိုရွေးလိုက်တော့ နည်းနည်းထူးဆန်းသလိုကြည့်လာတယ်။

" ကိုကိုယောကျ်ား ဒီနေ့ကုမ္ပဏီမသွားဘူးလား "

" ........"

" ဒီနေ့ရှယ်ယာရှင်အစည်းအဝေးရှိတယ်မလား "

" အရုပ်လေးတကယ်မသိဘူးလား ဘာနေ့လဲ "

" မသိဘူးလေ Anniversary လည်းမဟုတ်ပါဘူး ဘာနေ့လဲဟင် "

" ဟင်းးး ထားလိုက်တော့ "

Shirt ကိုပြန်ထားလိုက်ပြီး နက်ပြာရောင် suit, ကိုပဲရွေးလိုက်တော့တယ်။ ပြီးတော့မှ မွေ့ရာပေါ်ချပေးထားတဲ့ အရုပ်လေးကိုချီပြီး အောက်ထပ်ကိုဆင်းလာလိုက်တယ်။ပုံမှန်နေ့တွေလို မထူးမခြားနားပဲ။အလုပ်ပိတ်ရက်မဟုတ်ပေမဲ့ ဝမ်ကျန့်လေးနဲ့ ဝမ်ရှောင်းနဲ့က ကျောင်းနားရက်။စားပွဲဝိုင်းမှာထိုင်ပြီး မနက်စာစားနေကြတယ်။

9 နှစ်မြောက် Anniversary ကခရီးထွက်ပြီးတာ သိပ်မကြာသေးဘူး။အရုပ်လေးကတော့ သူ့မွေးနေ့ကိုတောင် မေ့နေပြီ။ရိပေါ်အပြစ်မတင်ပါဘူး။အရုပ်လေးသာ အဓိက။သူကတော့ အရုပ်လေးကိုပဲ တစ်သက်လုံးမျက်နှာမညှိုးအောင် စောင့်ရှောက်ပေးမှာ။
( A/N::: ရေးနေရင်း ဘဲလိုချင်မိ╥﹏╥ )

အချစ်မူပိုင်အရုပ်လေး  ( COMPLETED )Where stories live. Discover now