Part-9

5.4K 381 9
                                    

ကားပေါ်တွင်ပါလာသောချစ်ကြည်နူးနှစ်ကောင်ကိုကြည့််ရင်းကျန်းချန်တစ်ယောက်ကန်ချချင်စိတ်အများသား။ဘယ်နှယ့်။တခြားကားနဲ့သွားမယ်ဆိုတာကိုကိုယ့်ကားနဲ့လိုက်ပါဆိုပြီးခေါ်လိုက်တာကိုကမှားတာ။အခုတော့ကားနောက်ခန်းမှာအဆင်သင့်ပါလာတဲ့နှစ်ယောက်ကချစ်ကြည်နူးနေတာမျက်စိစပါးမွှေးစူးနေရော။ဖြစ်ပုံကဒီလိုပါ။

"ကဲသွားကြမယ်လေ"

"သွားမယ်လေကျန်းချန်နဲ့ရှင်းချန်ကတစ်စီးကျန့်နဲ့ကိုကိုကတစ်စီးသွားမယ်လေအဆင်ပြေတယ်မလား"

"မင်းကလဲငါ့ကားကလူလေးယောက်တော့ဆံ့ပါတယ်အကုန်တစ်စီးပေါင်းစီးသွားကြတာပေါ့"

"ကိုကိုအဆင်ပြေလား"

"ပြေတယ်အရုပ်လေးသဘောအတိုင်းပဲ"

"ပြီးရောဒါဆိုသွားမယ်"

ဒီလိုနဲ့လင်လင်နှစ်ယောက်ပါလာသည်ပေါ့။ရှင်းချန်ကတော့အကြောင်းသိသည်ထင်ရဲ့။ကားရှေ့ခန်းမှာဝင်ထိုင်ပြီးနားကြပ်ပါတပ်ထားလေရဲ့။ကျန်းချန်ကတော့ကားမောင်းရင်းတစ်ချက်တစ်ချက်နောက်ခန်းကိုလှည့်ကြည့်မိသည်ပေါ့။ထိုင်နေတာကိုကဝမ်ကောရဲ့ပေါင်ပေါ်မှာကျန့်ကျန့်ကထိုင်နေပြီးသူ့လင်လင်ကနေကြာစိပါခွာကျွေးနေလေရဲ့။နေကြာစိကဝမ်ကောကခွာလိုက်ပြီးသူ့ပါးစပ်မှာတေ့ထားလိုက်တယ်။အဲ့တာကိုကျန့်ကျန့်ကနှုတ်ခမ်းချင်းတေ့ပြီးယူစားနေလေရဲ့။ကျန်းချန်တစ်ယောက်ကားရှေ့ခန်းမှာထိုင်နေရင်းစိတ်မကြည်မသာဖြစ်နေရတယ်။သွားကြည့်မိတာကိုကမှားတာ။ခေါင်းကိုရမ်းရင်းကားစီယာတိုင်ကိုလှည့်လိုက်တော့မျက်နှာချင်းဆိုင်ကရမ်းလာတဲ့ကားတစ်စီးကိုတွေ့တော့ဘရိပ်ကိုအမြန်ဖိနင်းပြီးထွက်နေတဲ့ဒေါသကအဲ့ကားဆီရောက်သွားရတယ်။ကားကိုအရှိန်နဲ့ရပ်ပစ်ပြီးချက်ချင်းအဲ့ကားဆီသွားကာမှန်ကိုသွားခေါက်လိုက်တယ်။ကားနောက်ခန်းမှာလည်း

"အရုပ်လေးအဆင်ပြေလားထိခိုက်သွားသေးလား"

"အဆင်ပြေတယ်ဟယ်ကိုကိုသွေးတွေသွေးးးးသွေး"

"အရုပ်လေးသတိထားအုံးလေအရုပ်လေးးးးအရုပ်လေး"

ပြောရင်းနဲ့သတိလစ်သွားတဲ့အရုပ်လေးကြောင့်ရိပေါ်အလောတကြီးအော်လိုက်တာကြောင့်ကျန်းချန်တစ်ယောက်ကားတံခါးဆီရောက်မဲ့လက်တွေကိုအမြန်ရုတ်လိုက်တယ်။ရှင်းချန်ကတော့ကြားထဲကျန်းချန်ကိုဆွဲကာကားထဲထည့်လိုက်ပြီးဆေးရုံကိုအမြန်မောင်းရတော့တယ်။ရိပေါ်နှဖူးစောင်းနဲ့ဆိုဖာစောင်းနဲ့ဆောင့်မိရာကထွက်လာတဲ့သွေးတွေကိုမြင်ပြီးလန့်သွားရာကအရုပ်လေးသတိလစ်သွားတာပါ။

အချစ်မူပိုင်အရုပ်လေး  ( COMPLETED )Where stories live. Discover now