part-8

5.3K 380 8
                                    

ကျန်းချန်တစ်ယောက်သူ့ရှေ့ကကောင်လေးကိုကြည့်လိုက်သည်။သူ့မျက်လုံးထဲဖျက်ခနဲပေါ်လာတာကသူငယ်ချင်းသုံးယောက်ဆော့နေတဲ့ပုံတွေ။ယုန်သွားလေးတွေနဲ့ကောင်လေးရယ်။သူတစ်ခုခုကိုသတိရမိသွားဟန်ဖြင့်

"ကျန့်ကျန့်မင်းယုန်သွားမို့လား"

"မင်းးးးကျန်းချန်"

"အေးးကျန့်ကျန့်"

ဒီလိုနှစ်ယောက်သားမြူးနေချိန်

"ကျန့်ကျန့်ဘာလုပ်နေတာလဲ"

"ရှင်းချန်လာဒါဘယ်သူလို့ထင်လဲ"

"ဘယ်သူမို့လဲ"

"ကျန်းချန်လေကျန်းချန်"

"ကျန်း...ကျန်းချန်သူငယ်ချင်း"

ဒီလိုနဲ့အဲ့ညလေးဟာသူငယ်ချင်းသုံးယောက်ရဲ့ပျော်သံလေးတွေနဲ့စည်ကားနေပါတော့တယ်။

----------------------------------

2 month later

မနက်ခင်းနေရောင်ခြည်ရဲ့ပြတင်းပေါက်ကိုထိုးဖောက်မှုကြောင့်ရိပေါ်တစ်ယောက်နိုးလာရတယ်။ရင်ခွင်ထဲကအရုပ်လေးကတော့မျက်နှာနေထိုးလို့ထင်ရဲ့။ရင်ခွင်ထဲတိုးတိုးဝင်ပြီးတင်းနေအောင်ဖက်ထားတယ်။အိပ်ပုတ်ကြီးတဲ့အရုပ်လေးကိုအမြဲနှိုးနေကြအတိုင်းနှုတ်ခမ်းလေးကိုနမ်းလိုက်တော့စိတ်ဆိုးလို့ထင်ရဲ့မျက်နှာလေးကပုတ်ပြီးနှုတ်ခမ်းလေးလဲစူထားသေးတာကိုမျက်လုံးလေးကမပွင့်ဘူး။

မျက်နှာလေးကိုကြည့်ရင်းအူယားလာတာကြောင့်နှုတ်ခမ်းကိုပိုကြာကြာလေးဖိနမ်းလိုက်တော့ရင်ဘတ်ကိုလက်သီးဆုပ်လေးတွေနဲ့ထုပါလေရော။နှုတ်ခမ်းကိုလွှတ်ပြီးနှဖူးလေးကဆံပင်လေးကိုသပ်တင်ပေးလိုက်တော့မျက်စောင်းလှလှလေးကဒိုင်းခနဲ။

နှုတ်ခမ်းလေးကိုထော်ပြီးလက်နှစ်ဖက်ကိုဆန့်ပေးနေတဲ့သဘောကလာချီလှည့်ပါပေါ့။ရိပေါ်လည်းအရုပ်လေးစိတ်တိုင်းကျချီပေးပြီးရေချိုးခန်းထဲဝင်ကာကိုယ်လက်သန့်စင်ပေးပြီးကုတင်ပေါ်တင်ပေးလိုက်တယ်။သူကတော့ရေချိုးခန်းဝင်ပြီးရေပြန်ချိုးရတယ်။ရေချိုးခန်းထဲကထွက်လာတော့အရုပ်လေးကနှုတ်ခမ်းဆူပြီးကုတင်ပေါ်ထိုင်နေတုန်းပဲ။

အချစ်မူပိုင်အရုပ်လေး  ( COMPLETED )Where stories live. Discover now