part- 6

6.5K 437 11
                                    

ရိပေါ်သူ့ကိုချွဲနေတဲ့အရုပ်လေးကိုရင်ခွင်ထဲထည့်ပီးဖက်ထားလိုက်တယ်။အရုပ်လေးကလည်းရင်ခွင်ထဲမှာအလိုက်သင့်လေးနေနေလေရဲ့။

"အရမ်းချစ်တယ်အရုပ်လေးရယ်"လို့သာရေရွတ်လိုက်တော့တယ်။အရုပ်လေးကိုရေချိုးပေးပီးမနက်စာစားဖို့အခန်းထဲကထွက်လာခဲ့တယ်။အရုပ်လေးကိုတော့ချီလာရတယ်လေ။မဟုတ်လည်းစိတ်ကောက်နေမှာဆိုတော့။သူတို့ထမင်းစားခန်းထဲကိုရောက်လာတော့ဦးလေးမုန်ကမနက်စာပြင်နေတယ်။သူလည်းထိုင်ခုံတစ်ခုံမှာဝင်ထိုင်လိုက်ပီးအရုပ်လေးကိုလည်းပေါင်ပေါ်တင်ထားလိုက်တယ်။

ဦးလေးမုန်ကတော့အလိုက်တသိနဲ့ထွက်သွားလေရဲ့။သူကတော့ဂရုမပြုဟန်နဲ့ဦးလေးနမ်ပြင်ပေးထားခဲ့တဲ့နွားနို့နဲ့ပေါင်မုန့်ကြော်ကိုသာအရုပ်လေးကိုခွံ့ပေးနေလိုက်တယ်မကြာခင်မှာပဲရွှယ်ယမ်နဲ့ရှင်းချန်လည်းရောက်လာလေရဲ့။ရွှယ်ယမ်လည်းထမင်းစားပွဲဝိုင်းမှာချစ်ကြည်နူးနေတဲ့နှစ်ယောက်ကိုကြည့်ပီးချောင်းတစ်ချက်ဟန့်လိုက်တယ်။

"အဟမ်းးးးအဟမ်း"

"ကျီးကန်းကြီးမနက်စောစောဘာဖြစ်နေတာလဲသူများအစားစားနေတာကိုချောင်းလာဆိုးနေတယ်ရှင်းချန်နင့်လင်ကိုဆေးမတိုက်ထားဘူးလား"

"ဘာဆေးတိုက်ရမှာလဲ"

"လိပ်ခေါင်းပျောက်ဆေး"

"ငါ့လင်မှာလိပ်ခေါင်းရှိမှန်းနင်ဘယ်လိုသိတာလဲငကျန့်"

"ဪလွယ်လွယ်လေးနင့်လင်ကအမြဲငါ့ကိုကိုနဲ့ငါ့ကိုကြည့်ရင်အီးမှန်ထားတဲ့ရုပ်နဲ့လေပီးရင်မျက်နှာကလဲတစ်စို့တစ်စို့နဲ့လေမျောက်အိုကြီးမီးခဲကိုင်ထားသလိုပဲ"

"ခွီးးးးဖလူးအဟွတ်ဟွတ်"

ရေထသီးသောဝမ်ရိပေါ်ရယ်ပါ။စကားတတ်နေတဲ့သူ့အရုပ်ကလေးကိုလည်းပြုံးပြုံးကြီးကြည့်နေလေရဲ့။ရှင်းချန်ကတော့ရယ်ရင်းအူတက်သွားသလားပင်။ရပ်ကိုမရပ်တော့။ရွှယ်ယမ်ကတော့မျက်နှာကြီးသုန်မှုန်ပီးဘုကြည့််ကြည့်နေလေရဲ့။ဘယ့်နှယ့်သူ့လင်ကိုယ်တိုင်ကမြှောက်စားနေမှတော့ဒီချာတိတ်မဆိုးပဲဘယ်နေပါ့မလဲ။

အချစ်မူပိုင်အရုပ်လေး  ( COMPLETED )Where stories live. Discover now