part- 5

7.2K 491 7
                                    

ပြတင်းပေါက်ကနေဖြတ်ဝင်လာတဲ့နေရောင်ခြည်လေးကြောင့်ရိပေါ်နိုးလာရတယ်။ရင်ခွင်ထဲကသူ့အရုပ်လေးကတော့အိပ်ပျော်နေလျက်သား။ရိပေါ်အရုပ်လေးကိုကြည့်ရင်းအတိတ်တစ်ခုကိုပြန်တွေးကြည့်နေမိတယ်။

လွန်ခဲ့သော13နှစ်ခန့်က

လှပတဲ့နှင်းဆီခင်းရဲ့အလယ်မှာတည်ဆောက်ထားတဲ့တစ်ထပ်အပန်းဖြေအိမ်လေး။ထိုအိမ်လေးထဲကိုဝင်ရောက်လာတဲ့ကားနှစ်စီးနဲ့မိသားစုနှစ်စု။အရမ်းရင်းနှီးတဲ့မိသားစုနှစ်စုရဲ့စကားပြောသံတွေကြားမှာအပူအပင်ကင်းစွာအိပ်ပျော်နေတဲ့ကလေးလေးတစ်ဦး။

၁၁နှစ်ရွယ်ကောင်လေးကတော့သူ့ရင်ခွင်ကိုပေးမှီရင်းထိုကလေးလေးရဲ့နှဖူးကဆံပင်လေးတွေကိုသပ်တင်ပေးနေလေရဲ့။ပျော်ပွဲစားထွက်ရင်းပျော်ရွှင်နေခဲ့တဲ့မိသားစုနှစ်စုဟာကြုံတွေ့ရမဲ့ကိစ္စတွေကိုမပူပင်ခဲ့ကြသလိုမသိရှိခဲ့ကြဘူး။ကလေးလေးနှစ်ဦးဟာလည်းကံဆိုးရမဲ့ကိစ္စတွေကိုမသိခဲ့ဘူး။

အဲ့ခရီးကပြန်ရောက်ပီးနှစ်လအကြာမှာပဲရှောင်းပါးနဲ့မား Accidentဖြစ်ပီးသေဆုံးခဲ့တယ်။အဲ့သတင်းကိုကြားပီးအမေရိကန်ကိုရောက်နေတဲ့ရိပေါ်ပါးနဲ့မားဟာရိပေါ်လေးကိုအဘိုးဆီအပ်ခဲ့ပီးအပြေးလာရာကလေယာဥ်ပျက်ကျခဲ့တယ်။သူ့ဟာသူ့အဘိုးဆီမှာပဲ18နှစ်ပြည့်တဲ့အထိနေပီးတရုတ်ကိုပြန်လာခဲ့တယ်။

Wang လုပ်ငန်းစုရဲ့အမွေဆက်ခံသူအဖြစ်နဲ့ပေါ့။သူပြန်ရောက်ရောက်ချင်းကြားရတာက Xiaoကုမ္ပဏီဟာဒေဝါလီခံရတော့မယ့်အကြောင်းပဲ။သူ့ရဲ့အရုပ်လေးကတော့အင်္ဂလန်မှာတဲ့။

အဲ့တော့သူ့အရုပ်လေးကိုပိုင်ဆိုင်လိုစိတ်နဲ့ Xiaoကုမ္ပဏီကိုချေးငွေပေးပီး Xiaoအိမ်တော်ရဲ့နောက်ဆုံးမျိုးဆက်နဲ့18နှစ်ပြည့်ရင်လက်ထပ်ပေးရမယ်ဆိုတဲ့အကြောင်းပြချက်နဲ့သဘောတူညီခဲ့တယ်။သူ့အရုပ်လေးအင်္ဂလန်မှာနေကတည်းကအရုပ်လေးကိုစောင့်ရှောက်ဖို့သက်တော်စောင့်တွေကိုလွှတ်ထားတယ်။အနေအေးတဲ့အရုပ်လေးကတော့သူလုပ်သမျှကိုဘာမှမသိခဲ့ဘူး။

အရုပ်လေးကိုသုံးစွဲဖို့လစဥ်ဘဏ်ထဲကိုပိုက်ဆံထည့်ပေးတယ်နေထိုင်ဖို့နေရာကိုလည်းဦးလေးအမည်ခံပီးပြောင်းရွှေ့ခဲ့တယ်။သူပိုင်ဆိုင်သမျှဟာအရုပ်လေးအတွက်ပဲဒီ့အတွက်လဲသူပိုင်ဆိုင်သမျှအရာတွေဟာအကုန်အရုပ်လေးနာမည်နဲ့ပဲ။လတိုင်းရောက်လာတတ်တဲ့အရုပ်လေးရဲ့လှုပ်ရှားမှုကိုမှတ်တမ်းတင်ထားတဲ့ဓာတ်ပုံလေးတွေဟာသူ့အတွက်တော့အားဆေးတစ်ခွက်ပဲ။

အချစ်မူပိုင်အရုပ်လေး  ( COMPLETED )Where stories live. Discover now