CHAPTER 51 - That's stupid

9K 1.6K 185
                                    

Unicode

"နောင်တရသင့်တာကမင်းလေ" ကုရှင်ချွမ်းကသူ့ဆံပင်ကိုဆွဲလိုက်ပီး မျက်နှာကိုလက်ညှိုးနဲ့ထိုးကာ အေးစက်စက်ပြောလိုက်တယ် "မင်းဒီကိုလာရဲရင် မင်းသေရလိမ့်မယ်!"

ရှန်းတုမျက်နှာကမည်းမှောင်နေပီး ကုရှင်ချွမ်းကိုမယုံနိုင်သလိုကြည့်နေတယ်။ သူ့ကိုပြန်ပီးတိုက်ခိုက်ဖို့ လက်နှစ်ဖက်ခြေနှစ်ဖက်သုံးနေရတယ်။ သူ့ဘဝမှာတစ်ခါမှဒီလောက်အရှက်မရဖူးဘူး။

ကုရှင်ချွမ်းသူ့ကိုနှစ်ခါလောက်ထိုးလိုက်ပီး ဆံပင်မွှေးကနေကိုင်ပီး သူ့ခေါင်းကိုနံရံမှာ 'ဒုန်း' ခနဲမြည်သွားအောင်ဖိချပစ်တယ်။ "မင်းသေချင်နေတာလား?"

စုန့်ရီကရှန်းတုတစ်ခုခုဖြစ်သွားမှာစိုးပီး ကုရှင်ချွမ်းရဲ့တင်းတင်းဆုပ်ထားတဲ့လက်သီးကိုဖြည်ဖို့ သူ့မှာရှိသမျှအားကုန်ထုတ်သုံးနေရတယ်။ သူလူနှစ်ယောက်ကိုကွာသွားအောင်မနည်းဆွဲခွာလိုက်ရတယ် "တော်ပြီ အိမ်ပြကြရအောင်"

ကုရှင်ချွမ်းကသူပြောသလိုနာခံနေတယ်။ သူ့ရဲ့လက်ဖဝါးကစုန့်ရီရဲ့လက်နွေးနွေးလေးကိုဆုပ်ကိုင်မိတော့ ရေနဲ့ပက်ဖြန်းလိုက်တဲ့မီးတောက်လေးလိုပဲ သူ့ရဲ့တင်းမာနေတဲ့လက်မောင်းကြွက်သားတွေက တဖြည်းဖြည်းပြေလျော့သွားပီး ပေါက်ထွက်တော့မဲ့ဒေါသတွေကအနည်ကျသွားတယ်။

အိမ်ထဲမှာတော့ အချိန်ကြာမြင့်စွာလူတစ်ယောက်မှမနေတာကြောင့် တံခါးဖွင့်ဖွင့်ချင်းဖုန်နံ့အနည်းငယ်ထွက်နေတယ်။ စုန့်ရီကလေဝင်လေထွက်ကောင်းအောင် ပြတင်းပေါက်တွေကိုလိုက်ဖွင့်လိုက်တယ်။ သူကဗီရိုထဲကနေဆေးသေတ္တာလေးထုတ်ယူလိုက်ပီး သေတ္တာထဲကနေ ဆေးပုလင်းလေးထုတ်ယူလိုက်တယ်။ သူကဂွမ်းပေါက်လေးကိုင်ပီး ကုရှင်ချွမ်းရှေ့ကိုလျှောက်သွားလိုက်တယ်။ "ထိုင် ငါမင်းလက်ကိုကြည့်ပေးမယ်"

ကုရှင်ချွမ်းကသူ့လက်မောင်းကိုဆန့်ထုတ်ပေးတယ်။ သူ့ရဲ့လက်ချောင်းလေးတွေကရှည်သွယ်ပီး အဆစ်လေးတွေကထင်ရှားတယ်။ ဒါကအတော်ကိုလှပ​တဲ့လက်လေးဖြစ်တယ်။ အရိုးအဆစ်တွေကသန်မာလို့မကျိုးသွားပေမဲ့ အရေပြားကတော့ ပွန်းပီးပန်းသွေးရောင်ထနေတယ်။

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now