CHAPTER 54 - Public execution

9.2K 1.8K 208
                                    

Unicode

ကြွတ်ဆပ်ဆပ်ပါးရိုက်သံရှန်းတုတင်မကဘူး ဒီမှာရှိနေတဲ့လူအာလုံးကိုပါကြောင်အစေတယ်။

စတုတ္ထသခင်ကြီးရှန်းက​စိတ်ထားဆိုး​တယ်​ဆိုပေမဲ့ သူကတခြားမျိုးဆက်တွေအပေါ်မှာဖြစ်တယ်။ သူ့သားကစောစောသေသွားခဲ့တဲ့အတွက် သူ့မြေးလေးရှန်းတုဟာ သူ့အတွက်တော့အမြဲတမ်းတန်ဖိုးရှိခဲ့တယ်။ ရှန်းတုလိုချသ်တာမှန်သမျှဖြစ်စေခဲ့တယ်။ ဒီလောက်ကြီးတဲ့အထိကျွေးမွေးလာထဲ့ပေမဲ့ ဒါကပထမဆုံးအကြိမ်အဖြစ်ရိုက်နှက်ဖူးခြင်းဖြစ်တယ်။

ရှန်းတုကသူ့ရဲ့ဖောင်းနေတဲ့ပါးလေးကိုဆုပ်ကိုင်ရင်း မျက်လုံးတွေကရဲလာပီးနှုတ်ခမ်းလေးတွေကတုန်ယင်လာတယ်။ သူကရှန်းစစ်ရဲယ်ကိုမယုံနိုင်သလိုကြည့်ပီး စိတ်ဆိုးကာဝမ်းနည်းပူဆွေးနေတယ်။

ရှန်းစစ်ရဲယ်ရဲ့လက်တွေကလဲတုန်နေပီး Tang suit ရဲ့လက်ကျယ်ကျယ်ထဲမှာ လက်သီးကိုခပ်တင်းတင်းဆုပ်ထားရတယ်။ သူကမျက်နှာထားတင်းတင်းနဲ့ပြောတယ် "အိမ်ကိုပြန်တော့ ငါ့ကိုအရှက်ရအောင်မလုပ်နဲ့တော့!"

ရှန်းစစ်ရဲယ်နောက်အမြဲတမ်းလိုက်လေ့ရှိတဲ့ သက်လတ်ပိုင်းလူကြီးက ရှန်းတုကိုဘေးနားလေးကနေလေသံတိုးတိုးနဲ့ချော့မော့နေတယ်။ ရှန်းတုကမျက်နှာကိုလက်နဲ့ပွတ်ပစ်လိုက်ပီးကုရှင်ချွမ်းကိုတစ်ချက်ကြည့်ကာ နောက်ကိုတစ်ချက်လှည့်မကြည့်ဘဲ ထွက်သွားတော့တယ်။

စုန့်ရီကမျက်နှာမထားတတ်ဖြစ်နေတယ်။ သူကရှန်းစစ်ရဲယ်ရဲ့ teahouse ကိုပျက်စီးစေခဲ့သလို သူ့မြေးအဖိုးနှစ်ယောက်ကိုလဲပြဿနာဖြစ်စေခဲ့တယ်။ ဒါက Party B ကျူးလွန်တဲ့ဆိုးဝါးတဲ့ပြစ်မှုဖြစ်နေပီ။ သူချောင်းဟန့်လိုက်တယ် "စစ်ရဲယ် ကျွန်တော့တောင်းပန်ပါတယ် ကျွန်တော်စစ်ရဲယ်ကိုပြဿနာဖြစ်စေမိပြီ"

ရှန်းစစ်ရဲယ်ကသူ့ကိုလှည့်ကြည့်လာတယ် "ဒါကမင်းအပြစ်မဟုတ်တာမို့ မင်းကိုယ်မင်းအပြစ်တင်နေစရာမလိုပါဘူး"

ပြောပီးတော့ သူကကုရှင်ချွမ်းကိုလှည့်ကြည့်လိုက်တယ်။ ကုရှင်ချွမ်းကလဲမျက်လုံးမှေးပီး သူ့ကိုအေးစက်စက်ပြန်ကြည့်တယ်။

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now