Ch-6

4.1K 289 14
                                    

"ယွီပင်း.လာထိုင်ကွာ"

"မတွေ့တာတောင်.ကြာပြီ"

"ကြာမှာပေါ့..မင်းကလင်ရပြီးထဲက.ငါတို့ကို
မေ့ထားတာကို"

"အာ..မဟုတ်ပါဘူး.သူငယ်ချင်းရာ"

"ငါ..အိမ်မှာလုပ်စရာလေးတွေများနေလို့ပါ"

"မင်း လင်အတွက်.လုပ်ပေးနေတာမလား.
ဒါနဲ့ပြောစမ်းပါအုံး...လင်ယူတဲ့အတွေ့အကြုံလေး"

ယွီပင်းက.စပ်ဖြဲဖြဲရုပ်နဲ့မေးတော့.ရိပေါ်ဆိုဖာပေါ်က
ခေါင်းအုံးသေးသေးလေးနဲ့လှမ်းပေါက်လိုက်ပြီး...

"ဘာရုပ်ကြီးနဲ့မေးနေတာလဲ..သူတောင်းစား"

"ဟဲဟဲ..သိချင်လို့ပါ.သူငယ်ချင်းလေးကလည်း.
အတွေ့ကြုံလေးဘာလေး.shareပေးသင့်တယ်လေ"

"သိချင်ရင်..မင်းဘာသာယူပါ့လား"

"အမလေး..မယူချင်ပါဘူးနော်"

"စတာပါကွာ...မင်းရှက်ရင်.မပြောပါနဲ့.."

"ခုချိန်ဟောက်ရွမ်းကိုတောင်သတိရတယ်
ရိပေါ်ရာ.."

"ငါလည်းသတိရပါတယ်...ဒါပေမဲ့သူက.သူ့အဖေcompanyကို.ဦးစီးမလို့နိုင်ငံခြားမှာ
စီးပွားရေးနဲ့ပတ်သတ်တဲ့အတွေ့အကြုံတွေ.သွား
ဆည်းပူးလေ့လာနေတာလေ.အဲ့တာတွေပြီးသွား
ရင်တော့.ပြန်လာမှာပါကွာ"

"နောက်ပြီး..ငါကမင်းကို.ငါတို့အခြေအနေက်ိုရှက်
လို့ပြောမပြတာလည်း..မဟုတ်ပါဘူး"

"ငါနဲ့.ရှောင်း.ကဘာဆိုဘာမှ.မဖြစ်သေးတာပါ"

"ဘာ..."

"မင်း..မင်းတကယ်ပြောနေတာလား.
မင်းတို့ယူထားတာတောင်..သုံးလကျော်နေပြီလေ"

"ငါတကယ်..ပြောနေတာပါ..ရှောင်း.က
အလုပ်တွေရှိလိူ့..ငါတို့ရဲ့honeymoon
တောင်.မသွားဖြစ်လိုက်ဘူးလေ"

"ဟေ့ရောင်...အဲ့တာကတော့..လုံးဝမဟုတ်သေးပါဘူး"

"ရှောင်ကျန့်ဘယ်လောက်အလုပ်များများ...
honeymoonကတော့ထွက်ပေးသင့်တယ်လေ"

"ငါတို့လက်ထပ်တဲ့အချိန်တုန်းက..ရှောင်း.က
ဆေးရုံမှာ..အလုပ်စဝင်ကာစ.ဆိုတော့.ခွင့်မရလို့ပါ"

Mean Of Loving{completed}Where stories live. Discover now