Ch-10

5.4K 299 11
                                    

ညနေ ရှောင်ကျန့်အိမ်ပြန်ရောက်တော့.ဧည့်ခန်းထဲမှာ
ထိုင်ပြီး TVကြည့်နေတဲ့ ရိပေါ်ကိုတွေ့ရတယ်။

"ရိပေါ်..နေ့လည်က...စားသောက်ဆိုင်မှာ
တွေ့ခဲ့တဲ့ တစ်ယောက်က ရိပေါ်နဲ့ ဘာမှ
မပတ်သတ်ဘူး ဆိုတာသေချာလား"

ရိပေါ်က TVကိုပိတ်လိုက်ပြီး..ရှောင်ကျန့်ဘက်
ကိုလှည့်ကြည့်လိုက်တယ်.

"ကျွန်တော်က ဒေါက်တာ့ကို ဘာလို့.ကျွန်တော့်
ကိစ္စအကုန်လုံး လိုက်ပြောပြနေရမှာလဲ"

"မပြောလို့ရမလား..ငါကမင်းရဲ့တရားဝင်ယောကျာ်းကွ"

"အဲ့တော့မင်းနဲ့ပတ်သတ်တာမှန်သမျှငါသိသင့်တယ်"

"အဟွန်း..တော်တော်လည်း တရားကျဖို့ကောင်းပါရဲ့
ဒေါက်တာရယ်.."

"ဒေါက်တာကိစ္စတွေကိုတောင်...ကျွန်တော့်ကိုအရေးတယူ
နဲ့တစ်ခါလောက်ပြောပြဖူးရဲ့လား...ဟင်"

"ကျစ်..အဲ့တာကကွာ..ငါကဘာအမှားမှမလုပ်လို့..
အထူးတလည်..ပြောပြစရာမလိုတာလေကွာ"

"ကျွန်တော်လည်းဘာအမှားမှမလုပ်ထားဘူး
အဲ့တာကြောင့်.ဒေါက်တာ့ကိုလည်းပြောပြဖို့
မလိုဘူးထင်တယ်"

"ငါ့ကို မရွဲ့နဲ့....ရိပေါ်ရယ်"

"အကြောင်းမရှိဘဲနဲ့..အပြင်တွေမထွက်ပါနဲ့
လား"

"အရင်ကလို..ကိုယ့်အတွက် ဟင်းတွေပြန်
စီစဥ်ပေးပါ့လား...ကိုယ်ခုရက် ထမင်းစား
လို့မကောင်းလို့"

*ဟင်..အခု.ရှောင်း.က.ငါ့ကိုစိတ်ဝင်စား
နေပြီလား မသိဘူး..ပျော်လိုက်တာ*
ရိပေါ်စိတ်ထဲပျော်နေမိပေမဲ့..အပြင်ပိုင်း
မှာတော့ ရုပ်တည်ကြီးနဲ့

"ထမင်း စားမကောင်းရင်.မိယန်တို့ကို
စားချင်တာ..ဝယ်ပြီးချက်ခိုင်းလိုက်ပေါ့"

"ကျွန်တော်က ကျွန်မဟုတ်ဘူး"

ရိပေါ်ပြောလိုက်တော့ ရှောင်ကျန့်က
မျက်နှာငယ်လေးနဲ့ အသည်းအသန်ငြင်းရှာတယ်။

"အာ..ကိုယ် ရိပေါ်ကို ကျွန်လို့မပြောပါဘူး"

"အရင်ကလို..ကိုယ်စားဖို့ ဟင်းလျာတွေမထပ်အောင်ပဲ
စီစဥ်ပေးစေချင်တယ်လို့ ကိုယ့်ဆန္ဒကိုပြောပြတာပါ"

Mean Of Loving{completed}Where stories live. Discover now