Ch-12

6K 371 11
                                    

"အချစ်..ထတော့လေကွာ"

"မောင့်အချစ်ရေ..."

ရိပေါ် သူ့အား နူးညံ့စွာ လှုပ်နိုးနေတဲ့ အသံကြောင့်
မျက်လုံးလေး ဖွင့်ကြည့်မိတယ်။

"အချစ်..အရမ်းပင်ပန်းနေမယ်ဆိုတာ.မောင်သိပါတယ်
ဒါပေမဲ့..ဆေးလေးသောက်ပြီးတော့..မားတို့ကို ကြိုဖို့
လိုက်ခဲ့ ပါအုံးနော်"

ရှောင်ကျန့်က ရိပေါ် ဆံပင် လေးတွေကို သပ်တင်ပေးရင်း
နူးညံစွာ ပြောလေတယ်။

"မားတို့ဆိုတာ..ရှောင်ကျန့် ပါးနဲ့မားကိုပြောနေတာလား"

"အင်းလေ အချစ်ရယ်..မားတို့က ခုမနက်flight
နဲ့ ပေကျင်းကို လာနေပြီလို့ ဖုန်းဆက်လို့ သွားကြိုရမှာ"

ရိပေါ် ပျာပျာသလဲ အိပ်ရာပေါ်က ကုန်းရုန်းထ လိုက်တယ်။

"အာ့..အမလေး.သေပါပြီ"

ရှောင်ကျန့် ရိပေါ် ကိုယ်လေးကို အသာထိန်းဖက်လိုက်ရင်း

"ဘာလို့..အလောတကြီး.ထ ထိုင်လိုက်တာလဲ.
အရမ်းနာနေမဲ့ ဟာကို"

"အဲ့လိုနာရတာ..ခင်ဗျား.သရမ်းလို့လေ"

ရိပေါ်က မျက်စောင်းထိုးပြီး ပြောရှာတယ်။

"ဒါကတော့..အချစ်ရယ်..သရမ်းတာမခေါ်ဘူး
အချစ်လွန်သွားတာပါ..."

"အပိုတေ...ဖယ်ပေးအုံး
ရေချိုးလိုက်အုံးမယ်..မားတို့လာမဲ့ဟာ
စောစောက ကြိုမပြောဘူး"

"ခင်ဗျားက ရော ပြင်စရာရှိ သွားပြင်လေ
အဲ့မှာ ဘာရပ်လုပ်နေတာလဲ"

ရိပေါ်က ဆူပုတ်ပြီး ပြောတော့..ရှောင်ကျန့်က
ပါးချိုင့်ရာလေး ပေါ်သွားတဲ့အထိ ပြုံးလိုက်တယ်။

"အဟွန်း..ကိုယ်ကပြင်ဆင်ပြီးနေပြီလေ အချစ်ရယ်
သေချာကြည့်ပါအုံး..အချစ်အကူညီ လိုမလားလို့
စောင့်ပေးနေတာ"

သူပြောမှ.ရိပေါ်သတိထားကြည့်မိတယ်။သူက
ရှပ်အကျီ အဖြူလေးကို style pant အနက်
လေးနဲ့ ရိုးရိုးရှင်းရှင်းလေး တွဲဖက်ဝတ်ဆင်ထား
တာတောင် အရမ်းကြည့်ကောင်းနေသည်မှာ..
ငြင်းလို့မရတဲ့ အချက်။

"ကဲ..ပြင်ဆင်ပြီးရင်လည်း.ကျွန်တော်
သောက်ဖို့ ဆေးစပ်ပေးထား"

Mean Of Loving{completed}Where stories live. Discover now