Ch-13

4.8K 329 3
                                    

"ခြံရှေ့မှာ လူတစ်ယောက်က အကိုလေးနဲ့တွေ့ချင်
လို့ ခေါ်ပေးပါ ပြောနေတယ်"

ခြံစောင့်ရဲ့ သတင်းပေးမှုအရ ရိပေါ် ခြံတံခါး
နား သွားလိုက်တော့ အကိုစစ်ယန် ရောက်နေတာ
တွေ့ရတယ်။

"ဟာ..အကိုပါ့လား.မတွေ့တာတောင်
ကြာနေပြီ ဘယ်တွေသွားနေတာလဲ"

"ဟုတ်ပ့ ရိပေါ်ရယ် အကိုလည်း ခုတစ်လော
အလုပ်ကိစ္စရှိလို့ ပြည်ပခရီး သွားနေရတာ
ခုပြန်ရောက်ရောက်ချင်း ရိပေါ်နဲ့တွေ့ချင်လို့
လာခဲ့လိုက်တာ"

ရိပေါ် ပြောမဲ့သာပြောနေရတာ ခုရက်ပိုင်း
အကိုစစ်ယန် နဲ့မတွေ့ဖြစ်တာ တကယ်ကံကောင်းတာ။
ခုရက်ပိုင်းအိမ်မှာ ယောက္ခမတွေ ရောက်နေတာနဲ့
ရိပေါ်မှာ အားရတယ်လို့မရှိ။ဒါ့အပြင် ရှောင်းကျန့်
ကလည်း အားတာနဲ့ရိပေါ်အနားပဲ ကပ်နေတာ။

"ဒါရိပေါ် အတွက် ကိုယ့်ရဲ့လက်ဆောင်"

စစ်ယန်က အိတ်ကလေး တစ်ခုပေးတော့

"ဟာ..ရတယ်အကို ကျွန်တော် လက်မခံပါရစေနဲ့"

ရိပေါ် ပျာပျာသလဲ ငြင်းလိုက်တယ်။

"ရိပေါ် က ကိုယ့်စေတနာကို အသိမှတ်မပြု
ချင်လို့လား ဟင်"

"မ..မဟုတ်ပါဘူး"

"အဲ့တာဆို..ကိုယ့်လက်ဆောင်ကို လက်ခံပေးလေ
ရော့....."

ရိပေါ် လည်း အကိုစစ်ယန်ကို အားနာတာနဲ့
သူပေးတဲ့လက်ဆောင်ကို လက်ခံလိုက်တယ်။

"ရိပေါ် မအားဘူးလားဟင်"

"အင်း..ဟုတ်တယ်..ကျွန်တော်ခုရက်ပိုင်း
သိပ်မအားဘူး..နယ်ကမိဘတွေရောက်နေလို့လေ"

"အာ..ဟုတ်ပါပြီ..အဲ့တာဆို
ကိုယ်ပြန်လိုက်တော့မယ်နော်..."

"ဟုတ်ကဲ့ အကို..ဂရုစိုက်
ပြန်ပါဗျ..."

"ကိုယ်သွားပြီ..ရိပေါ်"

စစ်ယန် ကားပေါ်ကနေ ရိပေါ် ကိုလက်လှမ်း
ပြပြီး မောင်းထွက်သွားတယ်။

ရိပေါ်လည်း အိမ်ဘက်ပြန် အလှည့်

"အာ..လန့်လိုက်တာ..အသံမပေး
ဘာမပေးနဲ့..ဘာရပ်လုပ်နေတာလဲ"

Mean Of Loving{completed}Where stories live. Discover now