Ch-11🔞

7.5K 313 8
                                    

"ဒါက ဘယ်သွားအုံးမလို့လဲ ရိပေါ်"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


"ဒါက ဘယ်သွားအုံးမလို့လဲ ရိပေါ်"

ပြင်ဆင်ပြီး အပေါ်ထပ်က ဆင်းလာတဲ့ ရိပေါ်
ကို တွေ့တော့ ရှောင်ကျန့် မေးလိုက်တယ်။

"ချိန်းထားတာလေး ရှိလို့အပြင်ခဏ သွားမလို့"

"ဒီနေ့ ကိုယ်အလုပ်ပိတ်တုန်းလေး အိမ်မှာ
နေပေးလို့ မရဘူးလားကွာ"

"ဟာ...မနေချင်ပါဘူး..ရှောင်ကျန့်က အားရင်
စာအုပ်တွေပဲဖတ်နေတာ..အဲ့တော့ ကျွန်တော်ပျင်းတယ်"

"အပြင်က ဘယ်သူနဲ့သွားမှာလဲ"

"အကိုစစ်ယန်နဲ့လေ..သူလာခေါ်မယ်ပြောတယ်"

"ဟင့်အင်း...မသွားရဘူးနော် ရိပေါ်"

"ဘာဖြစ်လို့လဲဗျ..လိုက်မယ်လို့
ပြောပြီးနေပြီ..ကတိမဖျက်ချင်ပါဘူး"

"အို...ဘယ်လိုပဲဖြစ်ဖြစ် မင်းမသွားရဘူး ရိပေါ်"

".ကျွန်တော့် လွတ်လပ်ခွင့်တွေကို လိုက်
ပိတ်ပင်နေတာလား..ရှောင်ကျန့်"

"ခင်ဗျား.လုပ်ချင်ရာလုပ်နေတုန်းက ကျွန်တော်
လိုက်ပိတ်ပင်ဘူးလို့လား"

"ကျစ်..ကိုယ်အခု ဘယ်မှမသွားတော့ဘူးလေ"

"အဟွန်း..ဘာလဲ.ဖန်ရှင်းနဲ့ အဆင်မပြေလို့လား"

"ကျွန်တော် လိုက်ရှင်းပြပေးဖို့ လိုသေးလား"

ရှောင်ကျန့်က ခေါင်းကို အတွင်တွင် ခါရင်း

"မဟုတ်ဘူး..သူနဲ့ကိုယ်က ဘာမှမဆိုင်ပါဘူးကွာ"

"သူကလည်း သိက္ခာရှိတဲ့လူ တစ်ယောက်ပါ
အိမ်ထောင်ရှိတဲ့လူ ကို လိုက်မပတ်သတ်ပါဘူး"
ရိပေါ်က မဲ့တဲ့တဲ့ပြုံးလိုက်ပြီး....

Mean Of Loving{completed}Where stories live. Discover now