Chapter-4

4.7K 307 12
                                    

🥀နွယ်....(Uni)

ညကအိပ်ရေးနောက်ကျခဲ့သော်လည်း မနက်ကိုအစောထရသည်
၅နာရီခန့်တွင်မှထရခြင်းဖြစ်သော်လည်း နွယ့်အတွက်အိပ်ချိန်က ၄နာရီမျှသာရှိခဲ့လေသည်
သို့သော် မျက်နှာလေးကရွှင်နေပါသည်က မနေ့ညကအကြောင်းအရာရာကြောင့်....တစ်နည်းအားဖြင့်စံမြန်းကြောင့်

သခင်ပို့ပေးလေသော သူယောင်ကျောက်အသွေးဖြင့်စေ့စပ်ဝတ်စုံ
ထို့နောက်လိုက်ဖက်လှစွာသော လက်ဝတ်ရတနာအစုံအလင်က နွယ်နိုးထလာချိန်တွင်ကြိုလင့်နေလေပြီ

စေ့စပ်ပွဲဟုသည်ကို ဘဝနှင့်ချီ၍ မတွေးထားမိဘူး
မိမိသည်ယောကျာ်းလေးတစ်ယောက်မို့ ယောကျာ်းလေးတစ်ယောက်နှင့်စေ့စပ်ရပါမည်ကို ပို၍မတွေးထားခဲ့ခြင်းဖြစ်လေသည်

သာမန်ဆန်ဆန်အိမ်ထောင်ပြုရပါမည်ဆိုလျှင်လည်း မိန်းကလေးတစ်ဦးကို နွယ်လက်ထပ်ဖြစ်လိမ့်မည်မဟုတ်
အမေဖြစ်သူထုထွင်းထားသောဘဝကို နောင်တစ်ချိန်ထိတစ်ယောက်တည်းဖြတ်သန်းဖို့သာစိတ်ကူးရှိလေသည်

သေချာသည်က နွယ်လုံးဝအိမ်ထောင်ပြုဖြစ်မည်မဟုတ်

ယခုမူ ကံတရားကမျက်လှည့်ပြပြီး နွယ့်လိုယောကျာ်းတစ်ယောက်ကို ယောကျာ်းတစ်ယောက်နှင့်တွေ့ဆုံပေးခဲ့လေပြီ

ရှင်ဝေ့သခင်ဟူသော လူချောတစ်ယောက်ကအဘက်ဘက်ကပြီးပြည့်စုံနေပါလျက် နွယ့်ကိုစိတ်ဝင်စားဟန်ပြနေသည်က ထိုလူအားရူးနေသည်လောတွေးမိစေသောအချက်

၆နာရီခန့်တွင်မိခင်စီစဉ်ပေးသောမိတ်ကပ်ဆရာကမိတ်ကပ်ပြင်ပေးသည်
ခပ်ပါးပါးမိတ်ကပ်ကလေးနှင့် နွယ်ကသိပ်လိုက်ဖက်ပြီး ငေးချင်စဖွယ်ဖြစ်နေပေအုံးမည့်အချိန်တွေကို နွယ်မနှစ်မြို့....
စံမြန်းလေးကိုသာ အလှဆုံးလှနေစေချင်လေသည်

စေ့စပ်ပွဲက၈နာရီတွင်မို့ ၇နာရီခွဲခန့်တွင် သခင်လာကြိုပါပြီ
ရုပ်တည်ကြီးဖြင့်မာနကြီးနေရအောင်ကလည်းနွယ်ကဘာကြီးမျဟုတ်မနေ၍ သခင်ကမိမိကိုကြည့်လေသည်နှင့်နွယ်ပြုံးပြလိုက်မိလေသည်

မိမိကပြုံးပြသည်ကြောင့် အကြည့်မရပ်ပဲ ပြုံးနေပုံကြီးကိုတော့ နွယ်ကြက်သီးထမိပါသည်
"လှနေလိုက်တာ....လှလိုက်တာ နွယ်ရယ်"

🥀နွယ်....(Completed)Where stories live. Discover now