Chapter-7

3.4K 215 12
                                    

🥀နွယ်...(Uni)

မေတ္တာတွေနည်းပါးကြပေမယ့် မိသားစုဟူသည့်စကားလုံးကိုညွှန်းဆို၍ရသည့် အဓိပ္ပါယ်လေးက တဖြည်းဖြည်းပြိုကွဲစပြုတော့မည်
နွယ်သာ သခင့်ကိုလက်ထပ်လိုက်ပြီးလျှင် မေမေကအပြီးထွက်သွားတော့မည်
သို့သော် စံမြန်းနှင့်နွယ်ကျန်ခဲ့ပေအုံးမည်
စံမြန်းကျန်းမာရေးကောင်းသွားခဲ့လျှင် သခင်ကစံမြန်းကို နွယ့်ဘဝထဲကခေါ်ထုတ်သွားပြန်အုံးမည်
အထီးကျန်ခြင်းဟူသည် အဘယ်နည်းမသိသော်ငြား နွယ်အတွေးတို့ဖြင့်ပင် လူကိုငေးငိုင်နေစေမိသည်

ဖြစ်နိုင်လျှင် သခင်ဆိုသည့်လူသားကို နွယ်မုန်းချင်သည်

နဂိုမချစ်နေ၍ မုန်းရလွယ်နိုင်သော်လည်း ယခုသူ့ကိုမုန်းသင့်ရဲ့လောတွေးယုံဖြင့် မျက်ရည်မခိုင်ချင်ဖြစ်နေလေပြီ
တစ်ရက်နှစ်ရက်ဟုသော လက်တစ်ဖက်မပြည့်ခင် ကာလလေးနှင့်မိမိကို အချစ်အမုန်းဟူသည့် စိတ္တဇနာမ်တို့ကြားနစ်မွန်းစေသူကို အမုန်းဟူသည့်စကားပြောချင်သည်
ပြောထွက်ဖို့ရာကသိပ်ကိုခက်နေသည်ကိုတော့ နွယ်နားမလည်နိုင်သေး

အားနာမှုကြောင့်လောဟုတွေးမိသော်လည်း အားနာစဖွယ်အချက်ကရှိမနေပါပေ

သခင်တစ်နေကုန် အိမ်တွင်ရှိနေလေသည်
စံမြန်းအခန်းတွင်လည်း Doctorတို့ရှိနေလေသည်
စံမြန်းအခန်းအပြင်က ထိုင်စရာခုံတွင် သခင်တစ်ချိန်လုံးရှိနေလေသည်

သခင့်အတွက်ကော်ဖီဖျော်ပေးသွားရင်း စံမြန်းကိုတွေ့လို၍ နွယ် ထိုအပေါ်ထပ်ကိုထပ်မံခြေချမိပြန်သည်

"သခင်..."
တုန့်ပြန်မထူးပဲ လှည့်သာကြည့်လေသည့် ကိုစိမ်းကား၏အကြည့်က စူးရဲရဲ

"ကော်ဖီ"
နွယ်ကမ်းပေးသော ကော်ဖီကိုမငြင်းပဲယူသောက်လေသည်

"ချိုတယ်"
မျက်ခုံးတိို့တစ်ချက်တွန့်၍ပြောသည့်စကားက သူချိုမြိန်ခြင်းကိုသဘောမကျသည့်နှယ်

"နောက်ခါ သကြားလျော့ထည့်ပေးမယ်"

"နောက်ခါ..."
နွယ်မရည်ရွယ်ပဲ ဆိုလိုက်သည့်စကားကို မဲ့ပြုံးပြုံး၍ သခင်ကနောက်ယောင်ခံပြန်ဆိုသည်

🥀နွယ်....(Completed)Where stories live. Discover now