(Uni)
နွယ်...(Episode-28)"ကယေးယေး လက်ကျက်မယ်နော်...
နာနာဖစ်ပွားအုံးမယ်"မပီကလာချစ်စဖွွယ်အသံကလေးကြောင့် နွယ်ရယ်လိုက်မိပြန်သည်....
မီးမီးလေးကဘေးကနေထိုင်ပြီး နွယ်လုပ်သမျှကိုလိုက်သတိပေးနေတာက သူ့ဖေဖေအတိုင်းပင်...သခင်ဟာလည်း နွယ်မီးဖိုခန်းဝင်တာနဲ့ နောက်ကလိုက်ပြီး တတွတ်တွတ်အကုန်လိုက်သတိပေးနေတတ်၏...
သူကိုယ်တိုင်က ထမင်းဟင်းချောင်မဝင်တတ်၍သာ ဝင်မလုပ်နိုင်သောကြောင့် နွယ့်ကိုလိုက်အကဲပိုနေယုံသာတတ်နိုင်သော သခင့်မျက်နှာက နွယ်ကိုယ်တိုင်ချက်ပါမည်ပြုတ်ပါမည်ဆိုလျှင် အီမသာဖြစ်နေတတ်ပြန်သည်နွယ်မီးပူမှာစိုးလို့ပါပြောပြီး နွယ်ချက်ပေးတဲ့ဘယ်ဟာမဆိုက သခင်စားလို့အကောင်းဆုံးဆိုတော့ နွယ်ကအချက်မပြုတ်ဘဲနေချင်ပါတော့မလားလေ
"နွယ်ဂရုစိုက်နေတာပါ မီးမီးလေးရဲ့"
"ရေဘွဲယေးက သနားဂျာယေးကို ဖေဖေကဘာလို့ချားချင်တာရုန်း"
နွယ့်သေချာပါးပါးလေးလှီးနေလေသော ရေဘဝဲလက်တံပြုတ်ပြီးသား ရဲရဲလေးကိုလက်ညှိုးလေးထိုး၍ သူကသနားပြနေပြန်သည်...ဒီသနားစရာလေးကို သူ့ဖေဖေကဘာကြောင့်ကြိုက်တာတုန်းကလည်းမေးတတ်နေပြန်သေး၏"မီးမီးလေးကကျ မကြိုက်ဘူးပေါ့လေ"
"မီးမီးက ညားရီးကြိုက်ပါဝူး...နည်းနည်းယေးပဲကြိုက်တာ"
"အဟင်း...နည်းနည်းလေးပဲကြိုက်တာလား...နွယ်လည်းအများကြီးကြိုက်တယ်နော် ရေဘဝဲလေးကို
မီးမီးလေးဖေဖေလိုပဲ အများကြီးကြိုက်တာဗျ""ကယေးယေးကြိုက်ရင် မီးမီးယဲကြိုက်တယ်ပေါ့
အညားရီးကြိုက်ပွားပြီ""ဖေဖေပြန်လာရင် အုန်းနို့ခေါက်ဆွဲတွေအများကြီးစားကြရမှာနော်...နွယ်ချက်ထားတာကိုများများမစားရင် နွယ်ကနောက်ဆိုချက်ကျွေးမှာမဟုတ်တော့ဘူး..."
"အာ့ချို...ကယေးယေး ပူပူတွေထိယိမ့်မယ်..."
"ပူပါဘူးကြာ..."
"ကယေယေးကျွေးရင် မီးမီးကအတုန္ခ်ားမွာ"
"မီးမီးလေးကြိုက်တာရယ်...ဖေဖေကြိုက်တာရယ်ပဲ နွယ်ကချက်ကျွေးမှာ"
YOU ARE READING
🥀နွယ်....(Completed)
Romance(uke...မိန်းကလေးဆန်ဆန်နေထိုင်ရသော စိတ်ကူးယဉ်ficသက်သက်သာဖြစ်သည်) 16.July.2021...(Friday) {စတင်} 27.August.2021...(Friday){ခေတ္တာရပ်နား} 30.December.2021...(Thursday){ပြန် up} 25.Febauary.2022...[10:33PM](Friday){End}