Chapter-30(End)

5.9K 164 16
                                    

(Uni)
နွယ်...(Episode-30)(Final Episode)

"မီးမီးလေး...ဖေဖေ့ဆီလာအုံး..."

"ဟုတ်...
ဖေဖေယ မီးမီးကိုဘာကြောချင်ယို့ရုန်း"

"ပြောမယ်...ကလေးလေးကိုသွားပြောပေး
ကလေးလေးစိတ်ကောက်နေတာချစ်စရာလေးလို့ပြောပေးရင် နားရွက်ရှည်ယုန်ရုပ်လေးအသစ်ထပ်ရမယ်"
မီးမီးလေးကိုရင်ခွင်ထဲပွေ့ကောက်ဖက်ထားလိုက်ပြီး တိုးတိုးလေးပြောပြလိုက်သည်...
နွယ်က မိမိကိုစိတ်အလိုမကျနေတာမို့ ကြားထဲကအောင်သွယ်တော်လေးကိုသာ အားကိုးရတော့မည်ဖြစ်သည်...

"မီးမီးရောချစ်ချရာယေးယား"

"ဘာမှချစ်စရာမကောင်းဘူး ကလေးလေးကိုပဲချစ်စရာကောင်းတယ်သွားပြောပေး"

"ဟွန့်...ဟုတ်..."

"ဖေဖေကယုန်ရုပ်လေးထပ်ဝယ်ပေးမှနော်"

"ဟုတ်...."

"အဲ့တာလေးပြောပေးနော် ဖေဖေ့အချစ်ဆုံးလေး"
သဘောတူညီချက်ယူပြီးနောက် သမီးလေးကို နွယ့်အနားချဉ်းကပ်စေလေသည်...အားအကိုးရဆုံးလေးက နွယ့်ဆီစကားသွားပြောတော့၏

"ကယေးယေး...ကယေးယေးကိုဖေဖေကယေ...
စိတ်ကောက်ရာချစ်ဖို့ကောင်းပါဝူးယဲ့"

"သူကပြောတာလား"

"ဟုတ်ရယ်...."

"နွယ်ခေါင်းကိုက်လို့အခန်းထဲသွားအိပ်လိုက်အုံးမယ်နော်....မီးမီးလေးကစားမှာဆိုဒီမှာပဲကစားနော်
အိပ်မှာဆို နွယ့်အနားလာအိပ်သိလား..."

"ဟုတ်...ဖေဖေ့ဝိုဘားကြောရော့ဝူးလား"

"မပြောဘူး...နွယ်...မီးမီးလေးဖေဖေ့ကိုစိတ်ဆိုးလို့"

"အာ့ချိူ...ဖေဖေ့ဝို ကယေးယေးကချိတ်ချိုးနေရာယို့ ကြောလိုက်မယ်"

"အင်း...ပြောပြလိုက်နော်"

"ဟုတ်"

မီးမီးလေးဘာပြောလိုက်လို့ရယ်မသိ နွယ်ကဖတ်လက်စ စာအုပ္ကေလးကို စာအုပ်စင်ပေါ်သွားထား၍ အခန်းထဲဝင်သွားတော့သည်
စာဖတ်ရတာကြိုက်သည့် နွယ့်ကို စာအုပ်စင်ကြီးတစ်ခုစီစဉ်ပေးထားပေးလေသည်...နွယ်စာဖတ်ချိန်တိုင်း ဘေးကအလှထိုင်ကြည့်နေရတာကိုက စိတ်ချမ်းမြေ့ရခြင်းတစ်ခုမို့ မြတ်နိုးပါသည်

You've reached the end of published parts.

⏰ Last updated: Feb 25, 2022 ⏰

Add this story to your Library to get notified about new parts!

🥀နွယ်....(Completed)Where stories live. Discover now