Chapter-18

2.3K 121 0
                                    

(Uni)
နွယ်...(Episode-18)

တပတ်တာကာလအတွင်း တစ်ယောက်တည်းနေသည့် တစ်ထပ်တိုက်အပြာရောင်ကလေးက Babyကြောင့် အသံလေးတွေစီညံဝေဆာနေတော့သည်...
Babyက ကလေးလေးလိုပါပဲ...မွှေနေပျော်နေတတ်ပြီး ပျော်ပျော်နေ၍ လူချင်လူခင်များသောကောင်လေးဖြစ်ပြီး လူကောင်သေးသေးအသားဖြူဖြူလေးမို့ အသည်းယားစရာအတိ

"ဘယ္ကိုလဲ Baby"

"သရက်သီးခူးစားမို့"
မိုးပေါ်လက်ညွှန်ပြ၍ ပြောနေပုံလေးကြောင့် မိုးပေါ်သို့ပင်တစ်ချက်ကြည့်လိုက်မိသည်

"ခူးပြီးသားတွေရှိတယ်လေကွာ..."

"ဟွန့်အင် ဟွန့်အင်...အပင်ပေါ်ကဟာလေးပဲကြိုက်တာ"

"အတူတူပဲကိုကြာ..."

"ဘာလဲ...လူကြီးအပင်ကဟာမို့တွန့်တိုနေလား အဖိုးကြီးနော်...ပြောလိုက်ခုချက်ချင်း...
တစ်လုံးဘယ်လောက်တန်နေလို့ အဲ့လောက်ပြောဆိုနေရတာလဲ...ပြောစမ်းပါ အပင်ပြတ်ဝယ်စားနိုင်တယ်နော်...သိလား"
စောနကမိုးပေါ်ထိုးနေသော လက်ညှိုးက မိမိမျက်နှာကိုလာထိုးတော့မလိုအထိ ရွယ်လာလေသည်...
သူ့စိတ်တိုင်းကျမလုပ်ရရင်က လူကိုသူအမြင်တန်းကပ်ပစ်သည့် Baby

"ကျစ်...Baby...ကိုဘာပြော..."

"ပြောချင်နေတာများ ဝါးချူမကိုင်ခင်ကတည်းကသိတယ်...အပင်ပေါ်ကဟာပဲ အပင်ပေါ်ကမှမရရင် လူကြီးဟာလည်းစားမယ်မထင်နဲ့"

"ဟေ...မဟုတ်ဘူးလေ...ကိုက....."

တံချူဝါးလုံးကိုပခုံးပေါ်မှာထမ်းတင်ထားပြီး ဖြေရှင်းချက်ကိုပေးခွင့်မပြုတော့ဘဲ ရန်သာဇွတ်ကျယ်နေတော့သည်...
မျက်နှာလေးကလည်းဆူပုတ်ပုတ်နှင့်အတည်ပေါက်ကိုစိတ်တိုသည့်ဟန်ပြုနေလေသည့် Babyကြောင့် လက်အုပ်ပင်ချီပြလိုက်မိသည်
သူ့ကိုထိုင်ကန်တော့မှကိုရတော့မည် နိုင်ကိုမနိုင်တော့

"လက်အုပ်ချီလိုက်တာလားအခုက
လူများကိုရွဲ့တယ်ပေါ့လေ...အဖိုးကြီး"

"တောင်းပန်ပါတယ်တောင်းပန်ပါတယ်...သြားသြား Babyလေးစိတ်ကျေနပ်သလိုသွားလုပ်...နော်
ကိုချူပေးရမလား...ကို့အချစ်လေးဘယ်အသီးလိုချင်တာလဲပြော"

🥀နွယ်....(Completed)Where stories live. Discover now