Part 9

42 3 0
                                    

မင်းကငါ့ဘဝ❣️ငါ့အပိုင်  (၉)

ရှောင်ကျန့်ရောရိပေါ်ရောလန့်သွားတယ်မားကသူတို့ကိုချစ်သူလို့ထင်နေတာကြောင့် မဟုတ်ဘူး(    သူတို့နှယောက်ရဲ့ ပါးတွေကနာမည်ကြီးတွေလေ ဒီလိုနာမည်ကြီးနှယောက်ရဲ့သားက အတွဲတွေဆိုတာ ခုလောက်ဆိုရင် တကမ္ဘာလုံးတောင်သိချင်သိနေမှာ) သူတို့အံ့သြတာကမားတို့ကသူတို့ကိုသဘောတူတဲ့အပြင်လက်စွပ်ပါဝတ်ခိုင်းပီးသူများတွေအတွဲလို့ထင်အောင်လုပ်တယ်ဆိုတဲ့စကားကြောင့်
"မား ဘာတွေပြောနေတာလဲ ပါးကရောဘယ်လိုသိသွားတာလဲ "
" မင်းတို့နှယောက်ရဲ့အကြောင်းကTVအထိပါ  ပါနေတာလေ မင်းရဲ့ပါးကမသိစရာလား "
ရိပေါ်ကဝင်ပြောလိုက်တယ်
" ရှောင်ကျန့် အခုလောက်ဆိုငါ့ရဲ့ပါးလဲသိနေလောက်ပီပေါ့ "
"ဖြစ်နိုင်တယ်ရိပေါ် ငါတို့ဘယ်လိုလုပ်မလဲ "
"ဘယ်လိုမှလုပ်မနေနဲ့ "
"ပါး " "အန်ကယ် "ရိပေါ်နဲ့ရှောင်ကျန့်ပြိုင်တူခေါ်လိုက်တာပါ
"ရိပေါ်အခုတော့မင်းအိမ်ပြန်လိုက်ပါ "
"အန်ကယ်ကျနော်ရှင်းပြပါ့မယ် "
" သားရယ်အခုတော့အိမ်ပြန်လိုက်ပါ တော်ကြာမင်းအန်ကယ်စိတ်ဆိုးနေမယ် "
" ဟုတ်မား အန်ကယ် ရှောင်ကျန့်ကိုတော့ဘာမှမလုပ်ပါနဲ့နော် အားလုံးကကျနော့အမှားတွေပါ ကျနော်ကရှောင်ကျန့်ကို အရင်ချစ်ခွင့်ပန်ခဲ့လို့ပါ "
" ရိပေါ်မင်းဘာတွေပြောနေတာလဲ ! "
"တိတ်စမ်းသားကျန့် "ရှောင်ပါးပြောလိုက်တော့ရှောင်ကျန့်ပါးစပ်လေးပိတ်ပီးတော့ နေလိုက်တယ် 
"သားပြန်တော့မယ်နော်😌 အန်ကယ် မား  ရှောင်ကျန့် "
ရိပေါ်လဲပြန်သွားရော
" ပါး ရိပေါ်ပြောသလိုသားနဲ့ရိပေါ်ကဘာမှမဟုတ်ပါဘူး "
" မင်းကငါ့ကိုမျက်နှာပျက်ယုံတင်မက အရှက်ပါခွဲမလို့လား ဟင် ရှောင်ကျန့်😤 "
"သားကအမှန်တိုင်းပြောတာဘာ ရိပေါ်နဲ့သားနဲ့ဘာမှမဟုတ်ပါဘူး ချစ်သူလဲမဟုတ်••••"
" သွားအိမ်ပေါ်တက်တော့ရှောင်ကျန့် မင်းကငါ့မျက်နှာကိုအိုးမဲသုတ်နေတာလား ! "
"မဟုတ်ပါဘူး ပါး😔သားကအမှန်ကိုရှင်းပြမလို့လေ "
" မင်းပြောလေကဲလေပါလား မင်း••• "
" သားအိမ်ပေါ်ကိုတက်တော့သွား မား  ပါးကိုပြောလိုက်မယ် သားသွားတော့ "
ရှောင်မားလဲရှောင်ကျန့်ကိုအိမ်ပေါ်တက်ခိုင်းလိုက်ရတယ် မဟုတ်ရင်သားအဖနှစ်ယောက် ရန်ဖြစ်နေမှာဆိုးတယ်
" ယောကျာ်းရယ်သားကိုဖြေးဖြေးပြောလဲ ရပါတယ် "

မင်းကငါ့ဘဝ❣️ငါ့အပိုင်Where stories live. Discover now