အပိုင်းတိုလေး😘

73 3 0
                                    

မင်းကငါ့ဘဝ❣️ငါ့အပိုင်

ဒီficလေးကိုကြိုက်ကြမယ်လို့ထင်ပါတယ်•••
ခင်များတို့ကြိုက်မှဘဲရမယ် ဘာလို့ဆိုကျွန်တော်ကခလေးမမွေးခင်ကနေမွေးတဲ့အထိကိုခံရတာကိုဗျ🤧 ခလေးမွေးမဲ့နေ့ကလဲကျတော့်မှာတော်တော်ခံလိုက်ရတယ်;(အတွေးမလွန်ကျနဲ့အုံး••ရှင်းပြတာနားထောင်ကြပါအုံး)
အဖြစ်ကတော့•••••
"အား••မားရေ  အား••လားးလားးသေပါပီ နာလို့သေတော့မယ်••ဝမ်ရိပေါ်စုတ် ဘယ်မှာသွားသေနေတာလဲ အားးဒီမှာနာလို့သေတော့မယ်•••ဝမ်ရိပေါ်••••••"
"လာပါပီး••လာပါပီ••ဘာဖြစ်လို့လဲရှောင်လေး ဘာဖြစ်လို့လဲ "
"အော်••အေး••အေး•ဘာမှမဖြစ်ဘူး••နာလို့သေတော့မယ် ဘာဖြစ်လဲလုပ်နေတယ်"
"ဘာနာတာလဲ ရှောင်လေး••"
"ဗိုက်နာတာဟဲ့ ဗိုက်နာတာ ••အဟင့်••ဟင့်••"
"အိမ်သာတက်ချင်တာလား• "
"ရားးးးဝမ်ရိပေါ်စုတ် •"
"အား နာတယ်ရှောင်လေး နာတယ် "
ရှောင်ကျန့်စိတ်မရှည်တာနဲ့ရိပေါ်ရဲ့ဆံပင်အုံလိုက်ကိုဆွဲစုတ်ပြစ်လိုက်တယ်••
(တွေ့လားကျွန်တော်ခံနေရပီး 🤧 ဒါပေမဲ့ပျော်ပါတယ် ကျွန်တော်ခလေးအဖေဖြစ်တော့မယ်လေ)
အဲ့အချိန်မားတို့တွေပါရောက်လာပီး
"အော် ရိပေါ်ရယ် ဆေးရုံမြန်မြန်မပို့ဘဲ ဘာတွေကြောင်နေတာလဲ ကဲ••ဟာ••"
ဆိုပီးဝမ်မားကခေါင်းကိုတချက်ခေါက်လိုက်တယ်•
(ခင်များတို့ကတော့ရီနေနိုင်တယ်   ကျွန်တော်ခံရတာကနာတယ်ဗျ စာရေးတဲ့သူကလဲ ငါ့ကြီးဘဲနာအောင်ရေးနေတာ••သာသာစုတ်••)
"ဆေးရုံမြန်မြန်ပို့ပေးတော့လို့ ရိပေါ်စုတ် ဘာတွေတွေးနေတာလဲ •• "(အဲ့ဒါသာသာနဲ့စာဖတ်သူတွေကိုပြောလို့ ဟင့် )
"ပို့ပါမယ် သွားမယ်  သွားမယ် "
(ကျွန်တော်ဆေးရုံပို့ပေးပီးတော့ တော်ပီထင်လားမတော်ပါဘူး••ခွဲစိတ်ခန်းထဲကိုလိုက်သွားရသေးတာဗျ•ပီးပီထင်လား:::::::ကျွန်တော့မှာ အဆဲမျိုးစုံ ပုံစံမျိုးစုံနဲ့ကိုအရိုက်ခံနေရတာဗျ  ရှောင်လေးအဲ့အဆဲတွေဘယ်ကတက်လာတာလဲမသိတော့ပါဘူးဗျာ  )
"ပီးးပီ မွေးပီ ယောကျာ်းလေးမွေးတယ် "
" ရှောင်လေး ယောကျာ်းလေး မွေးတယ်တဲ့ရှောင်လေး "
"ဟုတ်လား လောင်ကုန်း ငါအိပ်ချင်တယ် "
"အင်းရှောင်လေး နားလိုက်အုံးနော် ကိုယ်ဘေးမှာရှိနေပေးမယ် "
"အင်း ရိပေါ်သားလေးကိုအရင်ကြည့်ချင်တယ် "
"အင်း ကိုယ်ခေါ်ပေးမယ်နော် ခန "
•••••••
"ဆရာ ခလေးကိုချီလို့ရပီလား ဆရာ "
"အင်း ရပါပီးရိပေါ် "
"ဟုတ် ဆရာ "
ရိပေါ်လဲခလေးကို ရှောင်ကျန့်ဆီချီလာကာ
"ကြည့်ပါအုံး ရှောင်လေးကိုယ်တို့ ခလေးလေး ကဘယ်လောက်ချစ်ဖို့ကောင်းလဲ ကြည့်ပါအုံး "
"အင်း ရိပေါ်  ငါ့ဘေးမှာသားလေးကိုထား ထားပေးနော် ငါနိုးတာနဲ့သားလေးကိုတွေ့ချင်တယ် "
"အင်းပါ ရှောင်လေးရယ် ကိုယ်ရောဘေးမှာနေပေးရမလား "
"မင်းဘာသာကြိုက်တဲ့နေရာမှာနေ ငါကျေနပ်သေးတာမဟုတ်ဘူးနော် ငါဆေးရုံကဆင်းရင်မင်းတွေ့မယ်  "
"ကိုယ်ကရှောင်လေးရဲ့ဘေးမှာဘဲနေမှာပါ "
(ကဲ ကျွန်တော်ရဲ့အဖြစ်ကတော့ ဒါပါဘဲ ကျွန်တော်တို့မိသားစုလေး ကတစ်နေ့ထက်တစ်နေ့ အချစ်တွေပိုးတိုးရင်း ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားပါမယ်လို့ စာဖတ်သူတွေရောကျွန်တော်တို့ကိုချစ်ပေးတဲ့သူတွေရော စာရေးတဲ့သာသာကိုရော ကတိပေးပါတယ်•••ဒါနဲ့ခင်များတို့မှာရောဘဲရှိလား😂 )
ကျေနပ်ကြရဲ့လား 😘

မင်းကငါ့ဘဝ❣️ငါ့အပိုင်Where stories live. Discover now