Part 11

44 3 0
                                    

မင်းကငါ့ဘဝ❣️ငါ့အပိုင် (၁၁)

ရိပေါ်ရှောင်ကျန့်တို့ရပ်လိုက်တဲ့နေရာကိုကြည့်တော့clubဖြစ်နေတယ် ရိပေါ်လဲရှောင်ကျန့်နောက်ကို မသိမသာလေးလိုက်လာပီးရှောင်ကျန့်တို့မမြင်နိုင်တဲ့နေရာမှာဝင်ထိုင်လိုက်တယ်
"အကိုတို့ဘာသောက်မလဲဗျ "
"အော်ငါတို့ကိုအချိုရည်ဘဲချပေးတော့ "
ယွီပင်းပြောလိုက်တော့ ဝိတ်တာလေးက
"ဟုတ် "

"ငါ့ကိုဘီယာချပေး   "    ဝိတ်တာ လေးကိုရှောင်ကျန့်ပြောလိုက်တော့
"မင်းကဘီယာကိုဘာလုပ်မှာလဲတခါမှလဲသောက်ဖူးတာမဟုတ်ဘဲနဲ့ "
"ငါသောက်ချင်တယ်ကျန်းချန် ငါမူးအောင်သောက်ချင်တယ် မင်းတို့ကရောဘာသောက်မှာလဲ "
ရှောင်ကျန့်ကိုမပြောနိုင်တာကြောင့်သူကြိုက်တာသောက်ပါစေဆိုပီးဘဲထားလိုက်တော့တယ်
"ငါအချိုရည်ဘဲသောက်တော့မယ် စစ်ကျွေးမင်းရောဘာသောက်မှာလဲ "
"ငါလဲ အချိုရည်ဘဲသောက်မယ် "
သူတို့မှာပီးတာနဲ့ရှောင်ကျန့်က
"ကျန်းချန်မားတို့ကငါ့ကိုမချစ်တော့ဘူးထင်တယ် ငါကိုရိပေါ်ဆီဘဲထိုးထည့်နေတယ်😭 "
"မင်းကလဲရှောင်မားကအဲ့လိုလုပ်မဲ့သူမှမဟုတ်တာကွာမင်းကိုကောင်းစေချင်လို့ဖြစ်မှာပါကွာ "
စစ်ကျွေးကတော့ရှောင်မားကိုမမြင်ဖူးပေမဲ့ရှောင်ကျန့်ကပြောပြနေတော့နဲနဲတော့သိတယ်
"ဟုတ်ပါတယ်ကွာကျန်းချန်ပြောသလိုဘဲမင်းရဲ့မားကကောင်းစေချင်လို့ ထင်ပါတယ်ကွာ "
"ကောင်းစေချင်လဲကွာငါနဲ့ရိပေါ်နဲ့ကဘာမှမဟုတ်ဘူးဆိုတာမားတို့သိတာပဲဟာ "
ရှောင်ကျန့်တို့ပြောနေတဲ့စကားတွေကိုရိပေါ်ကြားတော့ ရိပေါ်သွားဖို့ပြင်လိုက်တော့
"နေပါအုံးကွာမင်းကလဲ "
ယွီပင်းကရိပေါ်လက်ကိုပြန်စောင့်ဆွဲပီးတားလိုက်တော့ရိပေါ်လဲခုံမှာပြန်ထိုင်ကာရှောင်ကျန့်ကိုကြည့်နေလိုက်တယ်
ဝိတ်တာလေးလဲမှာထားတာတွေချပေးကာ
ရှောင်ကျန့်ခုမှစသောက်တာမို့ အစပိုင်းတော့ခါးနေပီးနောက်၃ခွက်လောက်ကြတော့ သိပ်မခါးတော့ဘဲသောက်လို့ကောင်းလာတယ်
ခုမှစသောက်တဲ့သူမို့မူးလာတော့မျက်နှာလေးပါရဲတက်လာတယ်

ရိပေါ်ကရှောင်ကျန့်ကိုကြည့်ပီးရေစာသလိုအာခြောက်သလိုနဲ့တံတွေးတွေသာအခါခါမြိုချနေမိတယ်
"ဟဲ့ကောင်ရိပေါ် !  !  ! "
ကျင်းရီကခေါ်လိုက်တော့မှ
" ဟင် ဟင် "ရိပေါ်လဲနဲနဲရှက်သွားတယ်လေ
"မင်းကြည့်နေတဲ့ပုံကြီးကရှောင်ကျန့်ကမသိပေမဲ့ငါတို့တော့တော်တော်လန့်တယ် ခုချက်ခြင်းဘဲအကောင်လိုက်ဝါးစားတော့မဲ့ပုံနဲ့ "
ယွီပင်းပြောတာကိုရိပေါ်နဲ့ကျင်းရီသဘောကျကာ ရီလိုက်တယ်
"မင်းကလဲ ငါကယုန်သေးကိုချစ်လို့ပါ ဒါပေမဲ့မင်းပြောသလိုအခုတော့မစားသေးဘူး ယူပီးမှ••••"
"ဟားးဟားးဟာ•••ဟားးး••"
ယွီပင်းရောကျင်းရီရောရိပေါ်ကို ဆေးမမှီတော့ဘူးဆိုတဲ့အကြည့်နဲ့ကြည့်ကာရီနေတာပေါ့

မင်းကငါ့ဘဝ❣️ငါ့အပိုင်Where stories live. Discover now