Part 17

39 2 0
                                    

မင်းကငါ့ဘဝ❣️ငါ့အပိုင်(၁၇)

ရိပေါ်နဲ့ရှောင်ကျန့်လဲ အိမ်ပေါ်တက်အနားယူကာအိပ်ဆက်လိုက်ကြသည်(တယောက်တအိမ်ဆီမှာနော်😁မတွေးနဲ့အုံး)
အိမ်ခန်းတခန်းထဲကကောင်လေးနှစ်ယောက်ဟာလဲ အိပ်မောကြနေတာပေါ့
မနက်မိုးလင်းလာတော့ထုံးစံအတိုင်း
ရှောင်ကျန့်လေးကိုကြိုဖို့ရှောင်အိမ်တော်ကိုသွားကာ•••••
ရိပေါ်လဲရှောင်ကျန့်ကိုနှိုးပီးအနမ်းလေးချွေး၍ရှောင်ပါးရောရှောင်မားကိုပါနှုတ်ဆက်ပီးတာနဲ့ကျောင်းသွားလိုက်ကြတယ်
ရိပေါ်တို့စေ့စပ်ပွဲပီးထဲကယွီပင်းလဲကျောင်းကိုကိုယ့်ဘာသာသွားသလိုကျန်ချန်းလဲအဲ့အတိုင်းပါဘဲ•••
ကျောင်းခန်းထဲလဲရောက်ရော ၈ နာရီထိုးနေပီးလေ
"ကျန်းချန် ••စစ်ကျွေးရော မတွေ့မိဘူးနော်"
ရှောင်ကျန့်မေးလိုက်တော့
"ဟုတ်တယ် မနက်ထဲကဒီကောင်ဘယ်ရောက်နေလဲမသိဘူး "
လို့ကျန်းချန်ပြောလိုက်တော့
"မရောက်သေးဘူးထင်တယ် ဟူးးးဒီကောင်တော့ကြောက်စရာကောင်းတဲ့ဆရာ့  အချိန်မှနော်••"
"အင်း သူ့အစားငါတော့ကျက်သည်းထမိတယ် ဟင့်••••"
လို့ကျန်းချန်လဲပြောလိုက်တော့
"ဖုန်းဆက်ကြည့်ရင်မကောင်းဘူးလား   သူဒီလောက်နောက်မကျဘူးပါဘူး••"
"မင်းပြောတာဟုတ်တယ်ရှောင်ကျန့် ဖုန်းဆက်ကြည့်လိုက်တာကောင်းမယ်••"
ရှောင်ကျန့်လဲစစ်ကျွေးစီကိုဖုန်းဆက်ကြည့်တော့
*လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာဆက်သွယ်မှုဧရိယာပြင်ပသို့••••*
*လူကြီးမင်း•••*
"ဖုန်းဆက်လို့မရဘူးကျန်းချန် ဆက်သွယ်မှုဧရိယာဘဲဖြစ်နေတယ် သူဘယ်ကိုရောက်နေတာလဲမသိဘူးသါစိတ်ပူတယ်ကျန်းချန်"
"အဲ့လောက်လဲမပူပါနဲ့ကွာ သူ့အမျိုးတွေစီသွားတာနေမှာပေါ့ကွာ"
"စစ်ကျွေးတခါပြောဖူးတယ်လေကွာသူ့မှာဘာဆွေမျိုးမှမရှိဘူးလို့••"
ရှောင်ကျန့်ပြောလိုက်တော့
"ဟုတ်တယ်ဟ••သူ့ သူငယ်ချင်းတွေဆီကိုရော မဖြစ်နိုင်ဘူးလား "
"အဲ့တာတော့ စစ်ကျွေးကိုဘဲသိတာဆိုတော့ သူ့မှာနောက်ထပ်သူငယ်ချင်းတွေရှိတယ်ဆိုတာတော့မသိဘူးလေကွာ "
"အင်းပါ ငါတို့ခနစောင့်ကြည့်လိုက်မယ်လေ တကယ်လို့သူကျောင်းမလာခဲ့ရင် နေ့လည်ကျငါတို့သူ့အိမ်လိုက်သွားကြရအောင် သူနေမကောင်းတွေများဖြစ်နေလို့လားမသိဘူး"
"အင်းမင်းပြောသလိုဘဲလုပ်ကြတာပေါ့ "

မင်းကငါ့ဘဝ❣️ငါ့အပိုင်Where stories live. Discover now