Part 20

109 3 0
                                    

မင်းကငါ့ဘဝ❣️ငါ့အပိုင် (၂၀)

သုံးလခန့်ကြာသော်••••••
"သားရှောင်လေးရယ် မားတို့ကမျှော်နေတာ "
"သားက လာချင်ပါတယ် မားရယ် ဒီမှာလေ မားသမက်ပေါ့ကုမ္ပဏီသွားတိုင်းအမြဲလိုက်ပေးရတယ်လေ ယောကျာ်းယူပါတယ်ဆို သူ့လုပ်စာထိုင်မစားရဘူး ဟင့် "
"မဟုတ်ပါဘူးမား သားကရှောင်လေးကိုအိမ်မှာစိတ်မချလို့ပါ "
ရိပေါ်က ရှောင်မားကိုပြန်လည်ပြောရင်းသူပြောတဲ့စကားကဝမ်မားကိုရွဲ့နေသလိုဖြစ်တာကြောင့်ဝမ်မားက
" ဘာကိုစိတ်မချတာလဲ ဟင် ငါကသားချင်းတောင်လဲချင်နေတာ ရှောင်လေးဆိုဘယ်လောက်လိမ်မာလိုက်လဲ မင်းနဲ့များကွာပ "
"ဟားးဟားးဟားးး"
ရိပေါ်တို့ရှောင်ကျန့်တို့ပြောတဲ့စကားတွေကိုရှောင်ပါးတို့ကပါ သဘောကျပီး အကုန်လုံးထရီပါတော့တယ်•••
"လာကြပါတော့ ဘာလဲ ဒီတိုင်းနေကြတော့မလို့လား "
ရှောင်ပါးကပြောလိုက်တော့
"ဟုတ်ပ ဝမ်မားရယ်လာပါကိုယ်တို့အထဲဝင်ကြရအောင် "
"ဝင်မှာပေါ့ရှင် ဒီသူငယ်ချင်းနှစ်ယောက်ကမတွေ့တာကြာတော့ဝမ်သာလို့ပါရှင် သွားမယ်ရှောင်မားလာ "
ဆိုပီးရှောင်မားနဲ့ဝမ်မားက တစ်တွဲ ဝမ်ပါးတို့က တစ်တွဲ အိမ်ထဲဝင်သွားကြတယ်လေ
"လောင်ကုန်း ငါတို့ကိုကျဘယ်သူမှမခေါ်ကြဘူး "
"မဟုတ်ပါဘူးဗျ ကျနော်မျိုးကြီးကခင်များလေးကိုခေါ်သွားပ့မယ် ဗျ "
"ငါအိမ်မှာနော် မင်းမှားနေပီး ငါကမင်းကိုခေါ်သွားရမှာမဟုတ်ဘူးလား ••"
"ဟုတ်ပါတယ် ဟုတ်ပါတယ် ခေါ်သွားပါ "
"အင်းသွားမယ် ဟီးး"
ရိပေါ်တို့လဲအိမ်ထဲဝင်ကာ ထိုင်မလို့ရှိသေးရှောင်မားက
"သားတို့ မထိုင်နဲ့တော့ မားမုန့်လုပ်ထားတယ် ထမင်းစားခန်းထဲတန်းသွားကြမယ် လာ "
ရှောင်မားပြောလို့မဆုံးသေးရှောင်ကျန့်တယောက် မုန့်လို့ကြားတာနဲ့တချိုးထဲ ပြေးပါတော့တယ်
"ဟုတ်မား သာလာခဲ့မယ်မား "
"အေးအေးသွားမယ် လာ "
တခြားလူတွေသာသူတို့ကိုကြည့်နေမယ်ဆိုရင် ဝမ်မားရဲ့ဘေးနားက ရှောင်ကျန့်ကသူရဲ့သားပေါ့
ရှောင်မားရဲ့ဘေးနားကရိပေါ်ကရှောင်မားရဲ့သားပေါ့
ဘေးနားမှာရှိနေတဲ့ပါးနှစ်ယောက်ကတော့အပိုလူတွေအဖြစ်နဲ့ပေါ့••
မုန့်တွေစားရင်းပျော်ပါးနေကြတာပေါ့အဲ့အချိန်ရှောင်ကျန့်
"အု့••အု့••"
"ရှောင်လေးဘာဖြစ်လို့လဲ "
"မသိဘူးလောင်ကုန်း ငါအန်ချင်တယ် "
"လာကိုယ်လိုက်ပို့ပေးမယ်သွားမယ် "
ရိပေါ်လဲရှောင်ကျန့်ကိုတွဲကာ ဘေစင်ကိုလိုက်ပို့ပေးလိုက်တယ်
"ငါတို့တွေမျှော်မှန်းထားတာ ဖြစ်တော့မယ် ထင်တယ်ရှောင်မားရယ်😃 "
"ဟုတ်ပ ဝမ်မားရယ်😃 "
ရှောင်ပါးနဲ့ဝမ်ပါးက ဘာမှမသိတဲ့ပုံစံတွေနဲ့
"ဘာတွေမျှော်မှန်းထားတာလဲ "
"ဒီလို  ရှောင်လေးက ရုတ်တရတ် အန်ချင်လာတယ်ဆိုတော့ ခလေးရှိနေပီးဆိုတဲ့သဘောပေါ့ "
ဝမ်မားကဖြေရှင်းလိုက်တော့ရှောင်ပါးက
"ဟင် ဟုတ်လား "
"ဟုတ်တာပေါ့ ကျမတို့သားလေးမှာခလေး ရှိနေပီး "
"ဝမ်သာလိုက်တာကွာမြေးချီရတော့မယ် "
ဝမ်ပါးက​ပျော်လွန်းလို့ထပါကတော့မယ့်အတိုင်း
"သေချာသွားအောင်ဆေးခန်းပြကြည့်ရမယ် "
ရှောင်မားကပြောတော့ဝမ်မားကထောက်ခံကာ
"အင်းဟုတ်တယ်  "

မင်းကငါ့ဘဝ❣️ငါ့အပိုင်Where stories live. Discover now