Chapter 1 (U)

1.5K 134 14
                                    

သူတို့ပြောတယ်။ မင်းတို့နှစ်ယောက်အချစ်က လွဲမှားနေတာတဲ့။

ဟုတ်တယ်။ အစောကြီးတည်းကမှားခဲ့တာ။ ဒါပေမယ့် အချိန်တွေပြန်ရွှေ့ခွင့်ရရင်တောင် ရူးမိုက်စွာ ရှေ့ဆက်တိုးမိမှာ။ ပြုပြင်ခွင့်ဘယ်နှခါပေးပေး ဒီလမ်းကိုပဲထပ်ရွေးမှာ။ ဘယ်လောက်ပဲမှားနေပါစေ သူ့နှုတ်ခမ်းတွေကိုပဲ စွဲစွဲမက်မက်နမ်းရှိုက်ဦးမှာ။

အဲလောက်ထိ သူ့ကိုချစ်တယ်။

ဒီအချစ်ကပဲ နာကျင်မှုတွေသယ်လာခဲ့တယ်။

The Sea; where our love be truth

"ဆိုးရွားလာတဲ့အခြေအနေအရပ်ရပ်ကို ပပျောက်စေရန်အလို့ငှာ အများပြည်သူအကျိုးစီးပွား မထိခိုက်စေရန်အလို့ငှာ လော့ဒ်ကတ်တလာမားကပ်စ်အမိန့်အရ အောက်ပါအကြောင်းအရာများကို အရေးပေါ်ကြေညာလိုက်သည်"

ရေတပ်အရာရှိက လက်ထဲကစာလိပ်ကို အသံကျယ်ကျယ်ဖတ်ပြနေတယ်။ သူ့အရှေ့မှာတော့ လူ၅ယောက်စာ ကြိုးစင်ကြီးရှိပြီး ရာဇဝတ်သားတွေဟာ ကြိုးစင်တက်ဖို့ တန်းစီရပ်စောင့်နေကြတယ်။ ခြေထိပ်သံတချွင်ချွင်မြည်လျက်။ မျက်ရည်စတို့ပါးမှာခိုတွဲလျက်။

"အရှင်မင်းမြတ်အမိန့်အတိုင်း ဆောင်ရွက်နေခြင်းဖြစ်ရျွ် မည်သူမှငြင်းဆန်ခွင့်မရှိ"

ရာဇဝတ်သား၅ယောက် ကြိုးစင်ပေါ်တန်းစီတက်လာတယ်။ သံလက်ထိပ်တွေလေးလံမှုထက် ရင်ထဲကပူဆွေးမှုက ပိုမိုကြီးမားလျက်။ မျက်နှာပြင်မှာ စိတ်ပျက်အားလျော့ခြင်းများအတိုင်းသား။

ရာဇဝတ်သားတွေနေရာယူပြီးချိန် ပါးကွက်အာဏာသားက တစ်ယောက်ချင်းစီရဲ့လည်ပင်းကို ကြိုးကွင်းလိုက်စွပ်တယ်။ ထူထဲတုတ်ခိုင်တဲ့ကြိုးကြီးဟာ ဓားနဲ့ဖြတ်ရင်တောင်ပြတ်ပါမည်လော။

"ရှေ့တော်သွင်းအယူခံဝင်မှုကိုဆိုင်းငံ့ပါတယ်"

ပါးကွက်အာဏာသားရဲ့လှုပ်ရှားမှုနဲ့ သစ်သားခလုတ်ဆွဲပြီးနောက် လူ၅ယောက်ခြေထောက်တွေ ကြမ်းပြင်နဲ့လွတ်ကာ တွဲလဲဆွဲခံလိုက်ရတယ်။

"အသင်းအပင်းစုဝေးခွင့်ကိုဆိုင်းငံ့ပါတယ် ဥပဒေအကြံပေးငှားပိုင်ခွင့်ကို ဆိုင်းငံ့ပါတယ်"

The SeaWhere stories live. Discover now