Chapter 8 (U)

355 47 22
                                    


"မိုင်လော့ဒ်!! အဆင်ပြေရဲ့လား"

ရေတပ်မှူးက သွေးစိမ့်နေတဲ့လက်မောင်းကိုကိုင်ပြီးပြေးလာတယ်။ သူ့ရဲ့ဆရာသခင် လော့ဒ်မားကပ်စ်က သစ်ပင်ကြီးအနောက်မှာပုန်းရင်း ရိုင်ဖယ်ကိုကျည်ဆံဖြည့်နေရဲ့။ သူတို့နောက်ကျောကမြင်ကွင်းမှာတော့ ဧရာမဂဏန်းကြီးက ရေတပ်အမှုထမ်းတွေကို အရိုးအသားတခြားစီလွင့်ထွက်အောင်ရိုက်ထုတ်နေပေ၏။ တချို့တွေဂဏန်းပါးစပ်ထဲရောက်၊ တချို့လူတွေဂဏန်းအနင်းခံရနဲ့ ရုန်းရင်းဆန်ခတ်အုံးအုံးကျက်ကျက်။

ရေတပ်အင်အားအလုံးအရင်းနဲ့ နျူဘဲလေ့စ်နယ်မြေထဲဝင်ခဲ့တယ်။ နတ်ဆိုးကျွန်းပေါ်ကိုတက်ခဲ့တယ်။ အဲ့အထိဘာမှမဖြစ်သေးဘူး။ စဖြစ်တာက လမ်းလျှောက်နေတုန်းမြေပြိုပြီးကျွင်းထဲပြုတ်ကျသွားတာပဲ။ ပြုတ်ကျပြီးပြန်ထချိန်တောင်မရဘူး။ ဘယ်ကမှန်းမသိတဲ့ဂဏန်းကြီးပေါ်လာပြီး သူတို့ကိုစားပါလေရော။

အခုတော့ သူ့လူအင်အားတစ်ဝက်က ဂဏန်းအစာဖြစ်ပြီး ဂဏန်းလက်ချက်နဲ့ပြားပြားဝပ်ကုန်ပြီ။

"မြေပုံကိုင်တဲ့လူရှိသေးလား သူ့ကိုဒီနေရာအကြောင်းမေးဖို့လိုတယ်"

"ခွင့်ပြုပါ မိုင်လော့ဒ်၊ ကျွန်တော် ဒီမြေကိုနားလည်ပါတယ်၊ ခုနက မြေကြီးကိုစစ်လိုက်တော့ ဒီမြေကြီးကကျွန်တော်တို့ပြုတ်ကျလာတဲ့နေရာကမြေနဲ့အတူတူပဲ နည်းနည်းကွဲတာက ဒီမြေကြီးက နည်းနည်းစိုထိုင်းတယ်၊ အေးစိမ့်နေတဲ့အလုံပိတ်အခန်းထဲမှာထည့်ထားတဲ့မြေကြီးလိုပဲ"

"ပြောချင်တာက...?"

"ဒီနေရာက ပင်လယ်ထဲမှာမြုပ်နေတဲ့ကျွန်းရဲ့အောက်ခြေဖြစ်ဖို့များပါတယ်၊ ပတ်ပတ်လည်မှာ ရေတွေရှိတော့အအေးဓာတ်ပိုကဲတယ်၊ ရေဖိအားကြောင့်လည်း အသက်ရှူမ၀သလိုခံစားရပါတယ်၊ ကျွန်တော်နားမလည်တာကတော့ ရေအောက်ထဲမှာဒီလိုနေရာမျိုးဘယ်လိုရှိနေလဲဆိုတာပဲ၊ နေ့အလင်းရောင်လည်းသေချာမြင်ရသလို သာမန်ကျွန်းတစ်ခုပေါ်ရောက်နေသလိုမျိုးဖြစ်နေတာ"

"မင်းရောက်နေတာ နတ်ဘုရားမရဲ့နယ်မြေလေ ဒီလောက်ဆိုသိလိုက်ပေါ့၊ ရှင်းပြပေးတာကျေးဇူးပဲ ရေတပ်မှူး ငါအဲ့ဂဏန်းကိုရှင်းရမယ် မင်းသူ့ကိုအာရုံလွှဲပေးမလား"

The SeaWhere stories live. Discover now