Chapter 2 (U)

538 84 14
                                    

တိတ်ဆိတ်တဲ့မြေအောက်လှိုဏ်ဂူထဲ လူတစ်ဦးရောက်လာတယ်။ ဆီသုတ်မီးတိုင်တွေရဲ့အရောင်က မှောင်မည်းတဲ့ပတ်ဝန်းကျင်ကို ကောင်းမွန်စွာအလင်းမပေးနိုင်ကြသလို အချိုးအကွေ့အရမ်းများပါတဲ့ မြေအောက်ခန်းတည်ဆောက်ပုံကလည်း လမ်းပျောက်ချင်စရာကောင်းလှတယ်။

ဒါပေမယ့်လည်း ဖိနပ်ခွာသံတဒေါက်ဒေါက်၊ ကုတ်ရှည်တလွင့်လွင့်နဲ့ထိုသူက အချိုးအကွေ့ပေါင်းစုံကို ဘာမဟုတ်သလိုကျော်ဖြတ်ပြီး အဝင်တံခါးတစ်ခုဆီရောက်လာရဲ့။

ကျွီကနဲတံခါးပွင့်သံက အခန်းထဲကအမျိုးသမီးရဲ့အာရုံကိုဖမ်းစားလိုက်တယ်။ နက်မှောင်တဲ့ကေသာကို ကျစ်ဆံမြီးအသေးတွေကျစ်ထားတဲ့ထိုအမျိုးသမီးဟာ ကြီးမားတဲ့အိုးတစ်ခုကိုယောက်ခွက်နဲ့မွှေရင်း အိုးထဲကပျစ်ချွဲချွဲအရည်တွေကို လက်ထဲအသင့်ကိုင်ထားတဲ့ခွက်ထဲ ဖြည်းဖြည်းချင်းခပ်ထည့်လိုက်ပြီး။

"ရောက်လာမယ်သိလို့မျှော်နေတာ ရေနွေးကြမ်းလေးသုံးဆောင်ပါဦးလား"

အမျိုးသမီးက ခွက်ထဲကအစိမ်းရောင်အရည်တွေကိုသောက်ရင်း လောကွတ်ချော်တယ်။

"ကျေးဇူးတင်ပေမယ့် ရေနွေးကြမ်းထက်ပိုအရေးကြီးတာတွေရှိနေပြီ"

"ဘာလဲ ရှင့်ရည်းစားဟောင်းပြန်ရောက်လာတဲ့ကိစ္စလား"

တစ်ဖက်လူက စိတ်ပျက်ခြင်းများစွာနဲ့မျက်လုံးလှန်ပြီး အနီးကဆိုဖာခုံပေါ်ခြေချိတ်ထိုင်လိုက်တယ်။ အမျိုးသမီးက သူရဲ့ပျစ်ချွဲချွဲရေနွေးကြမ်းကိုဆက်သောက်ရင်း မျက်နှာချင်းဆိုင်ကခုံမှာဝင်ထိုင်တယ်။

"ဗြိတိန်ရေတပ်က ဝမ်ရိပေါ်ရဲ့နှလုံးကိုခိုးဖို့လုပ်နေတယ်၊ ဘယ်သူ့လက်ချက်လဲတော့မသိရသေးဘူး"

"ဟော~ ရှင်ပဲဝမ်ရိပေါ်ကိုမုန်းလှပါချည်ရဲ့ဆို? အခုတော့ ကယ်တင်ပေးချင်နေပြီလား"

"အခုပြောနေတာအဲ့အကြောင်းမဟုတ်ဘူး ဗြိတိန်ရေတပ်အကြောင်း"

"ရှောင်းကျန့်ရယ်... ရှင်ဟာလေ လိမ်ညာစကားတွေအရမ်းပြောတာပဲ၊ သူခိုးဖမ်းချင်တဲ့စိတ်ထက် ဝမ်ရိပေါ်ကိုကယ်ချင်စိတ်က ပိုများတယ်လို့ဝန်ခံလိုက်စမ်းပါ၊ ကျွန်မရှင့်ကိုမလှောင်ပါဘူး"

The SeaWhere stories live. Discover now