Chapter 6 (U)

389 59 23
                                    

ဖြည်းဖြည်းချင်းပွင့်လာတဲ့အမြင်အာရုံက ညကောင်းကင်နဲ့သစ်ပင်ကိုင်းခက်တွေကိုပြတယ်။ အမြင်မှားတယ်ထင်ပြီးမျက်လုံးဖွင့်ပိတ်လုပ်တော့ မြင်ကွင်းပိုကြည်သွားတယ်။ ပတ်ဝန်းကျင်တဝိုက်မှာ ညထွက်သတ္တဝါတွေရဲ့အသံကိုကြားရပြီး လေထုကလည်းအေးမြလတ်ဆတ်နေတယ်။

ကိုယ်လိုလူမျိုးက နတ်ပြည်သွားမယ့်လူမဟုတ်လို့ ဒါကသေချာပေါက်ငရဲပြည်ပဲ။ ဒါပေမဲ့ ငရဲပြည်က ဒီလောက်ထိအေးချမ်းနေဖို့လိုလို့လား။

“သတိရရင်လည်းထတော့”

အသံကြားရာကိုကြည့်တဲ့အခါ မီးပုံအနားမှာထိုင်နေတဲ့ဒဲရစ်ကိုမြင်ရတယ်။  ဒဲရစ်ရဲ့မျက်နှာချင်းဆိုင်မှာ ကုတ်အင်္ကျီခြုံပြီးအိပ်နေတဲ့ရှောင်းကျန့်။

“ဘယ်လိုဖြစ်… အား!!”

ငေါက်ကနဲထိုင်လိုက်လို့ခေါင်းထုံသွားတော့ ဒဲရစ်က စိုးရိမ်တကြီးအနားရောက်လာပြီး။

“ဖြည်းဖြည်းထပါဟ! နင့်ကိုခရက်ကန်ပါးစပ်ထဲကလုထားရတာ”

“ဘာ??”

“ဟုတ်တယ် ပုလဲနက်ရော နင်ရောအမျိုခံနေရတုန်း ရှောင်းကျန့်က ခရက်ကန်ကိုနားပန်ကျင်းပြီး နင့်ကိုပြန်ဆွဲထုတ်ထားတာ”

ဆွာလီခေါင်းပူသွားတယ်။ ဘေးပတ်လည်ကိုကြည့်တော့ ကျွန်းတစ်ခုပေါ်ရောက်နေတာအသေအချာ။ ဒါပေမဲ့ ချက်ချင်း ဒဲရစ်ဘက်ကိုပြန်လှည့်ပြီး။

“ပုလဲနက်ရော”

“………”

“အဖွဲ့သားနှစ်ယောက်ရော…”

ဒဲရစ်ခေါင်းခါတော့ ဆွာလီဒေါသထွက်သွားပြီး။

“ရှောင်းကျန့်က ငါ့ကိုအကာအကွယ်ကြီးတာဟုတ်တယ်၊ ဒါပေမဲ့ ကပ္ပတိန်ရဲ့နောက်ဆုံးဆန္ဒကို နှောင့်ယှက်မယ့်အထဲမှာသူမပါဘူး၊ ငါကပုလဲနက်နဲ့မြုပ်ချင်တယ်ဆိုရင် ငါ့ဆန္ဒအတိုင်းမြုပ်ခွင့်ပေးမှာ၊ အမှန်အတိုင်းပြောစမ်း ငါ့ကိုကယ်ခိုင်းတာဘယ်သူလဲ”

“ငါလုပ်ခိုင်းခဲ့တာ”

“ဘာ…”

“Fair Wind က ပုလဲနက်ဓားပြတွေကိုကယ်ပြီးတဲ့အချိန် ရှောင်းကျန့်ရောက်လာတယ်၊ မင်းအကြောင်းကိုကြားတော့ မျက်နှာလွှဲလိုက်တယ်၊ အဲ့အချိန်မှာ ငါကသူ့ကိုတောင်းဆိုခဲ့တာ၊ သူပြောပါတယ် ဆွာလီ့ဆန္ဒကိုမလေးမစားမလုပ်ချင်ဘူးလို့၊ ဒါပေမဲ့ ငါအတင်းကယ်ခိုင်းခဲ့တာ”

The SeaWhere stories live. Discover now