Chapter 4 (U)

516 76 11
                                    

ငါဘာလို့ထွက်မပြေးနိုင်တာလဲ။ အဲ့ဒီမျက်ဝန်းတွေကို ဘာလို့လျစ်လျူမရှုနိုင်တာလဲ။

"ရှောင်းကျန့်...!! ကျွန်တော်တို့ သွားမှဖြစ်မယ်!"

ဒဲရစ်ရဲ့အော်သံက ရှောင်းကျန့်ကို သတိဝင်သွားစေတယ်။ အကြည့်လွှဲသွားတဲ့ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ်လည်း မျက်မှောင်ကျုတ်သွားရဲ့။ ရှောင်းကျန့်က ရန်သူနဲ့ချနှက်နေတဲ့ ဒဲရစ်ကိုတစ်လှည့်၊ သူ့ကိုကြည့်နေဆဲဖြစ်တဲ့ ဝမ်ရိပေါ်ကိုတစ်လှည့်ကြည့်ပြီး ဒဲရစ်ဘက်ကိုချက်ချင်းပြေးသွားတော့တယ်။

မိုးပြိုမတတ် မျက်နှာပျက်သွားတဲ့ဝမ်ရိပေါ်က ဘယ်ဘက်လက်ကို ရှောင်းကျန့်ဆီဝေ့ရမ်းလိုက်တယ်။ ချက်ချင်းပဲ ရှောင်းကျန့်ရဲ့ပြေးလမ်းတည့်တည့်မှာ ကျောက်ခက်ဆူးနွယ်တွေဝုန်းကနဲထွက်လာတယ်။ အနီနဲ့လိမ္မော်ရောင်သန်းတဲ့ သန္တာကျောက်ဆူးနွယ်တွေဟာ ရှောင်းကျန့်ရပ်နေတဲ့တံတားအောက်က ရေပြင်မှထွက်လာတာဖြစ်ပြီး ရှောင်းကျန့် ဒဲရစ်ဆီသွားမရအောင် နေရာလွတ်မရှိကာဆီးထားလေရဲ့။

ဒဲရစ်အကြည့်တွေက ဝမ်ရိပေါ်ရှိရာ တန်းရောက်သွားတယ်။ ချောမောတဲ့မျက်နှာပြင်မှာ အံ့သြခြင်း၊ ထိတ်လန့်ခြင်းအမူအရာတွေ ရောသွမ်းရှုပ်ထွေးပြီး ရှောင်းကျန့်ကို စိုးရိမ်တကြီးအော်ခေါ်လိုက်မိတယ်။

"ရှောင်းကျန့်!!"

"သွားတော့! ငါ့ကိုမစောင့်နဲ့"

"ဘာတွေပြောနေတာလဲ! ခင်ဗျားကို ဒီမှာထားခဲ့လို့မရဘူးလေ!!"

"သူတို့လက်ထဲ Fair Wind မရောက်ဖို့ ပိုအရေးကြီးတယ်၊ ငါ့ကိုဂရုမစိုက်နဲ့ အမြန်သွား!!"

ဒဲရစ်က ဝမ်ရိပေါ်ကို ခါးခါးသီးသီးစိုက်ကြည့်ပြီးထွက်သွားတယ်။ ရှောင်းကျန့် ဓားရှည်ကိုဆုပ်ကိုင်ပြီး အသက်ပြင်းပြင်းရှူလိုက်တယ်။ အခုချိန်ကစပြီး သူ့ရန်သူက တနှပ်စားအမှုှုထမ်းတွေမဟုတ်တော့ဘူး။ ဗြိတိန်ရေတပ်တင်မက ဘရက်သရင်အဖွဲ့ကတောင်ကြောက်ရတဲ့ ဖလိုင်းယင်းဒတ်ချ်မန်းကပ္ပတိန်။ သူနှစ်ပေါင်းများစွာရှောင်တိမ်းခဲ့တဲ့၊ သူ့နှလုံးသားကိုပျော်ရွှင်စေ၊ နာကျင်စေတဲ့ သူချစ်ဖူးတဲ့အကြင်သူ။

The SeaWhere stories live. Discover now