CHAPTER 57 - This is the cub of our Shen Family

9.3K 1.8K 281
                                    

Unicode

နောက်နေ့မနက်စောစောမှာ စုန့်ရီအိပ်ချင်စုံမွှားနဲ့နိုးလာခဲ့တယ်။ တံခါးခေါက်သံတစ်ခုကြားလိုက်ရပီး သူ့ဘေးကအိပ်ယာကလှုပ်သွားကာ ခြေသံတရှပ်ရှပ်နဲ့အတူထွက်သွားတယ်။

သူမျက်လုံးတွေကိုဖွင့်လိုက်ပီး မျက်ခွံကိုလက်နဲ့ပွတ်ကာ သူ့ခေါင်းပေါ်မှာရှိနေတဲ့ရိုးရှင်းတဲ့မီးပန်းဆိုင်းကိုကြည့်လိုက်တယ်။ နောက်တော့ သူနဲ့ကုရှင်ချွမ်းမနေ့ညကဟိုတယ်ကိုပြန်လာတာကိုသတိရသွားတယ်။ ဉာဥ့်နက်နေပီဖြစ်တဲ့အတွက် သူလဲမထိန်းနိုင်တော့ဘဲ အိပ်ပျော်သွားတာ။ သူကအရမ်းမယုံကြည်ထိုက်တဲ့သူပဲ။

သူကိုယ်ဝန်ရှိကတည်းက ​အိပ်ရတာမဝတော့ဘူး။ စုန့်ရီသမ်းဝေလိုက်ပီး အိပ်ယာပေါ်မှာလက်ထောက်ပီး ထထိုင်မလို့ပြင်လိုက်တယ်။ သူတံခါးနားကနေ ကလေးတစ်ယောက်ဘောလုံး​နဲ့ကစားသလို တဘုတ်ဘုတ်အသံကိုဝေဝေဝါးဝါးကြားလိုက်ရတယ်။

သူတို့နေတဲ့ဟိုတယ်အခန်းမှာ ဧည့်ခန်းပါပီး အဝင်တံခါးနဲ့အိပ်ခန်းကြားမှာဧည့်ခန်းတစ်ခုခြားထားတဲ့အတွက် စုန့်ရီဘာမှမမြင်ရဘူး။ အသံအောင်တဲ့အမျိုးသမီးတစ်ယောက်ရဲ့အသံကထွက်လာတယ် "Hua X ဆုပေးပွဲမှာ အဖွင့်သီချင်းဆိုပေးပါအုံးရှင့် ဒါကစာချုပ်ပါ တစ်ချက်ကြည့်ပေးပါအုံး"

တိတ်ဆိတ်ငြိမ်သက်နေတယ်။

အမျိုးသမီးကသတိထားပီးပြောတယ် "ကျွန်မကလေးကိုတမင်တကာခေါ်လာတာမဟုတ်ပါဘူး အိမ်မှာက..."

စကားမဆုံးခင်မှာပဲကလေးလေးက 'ဝူး' ခနငိုချပီး အသံစူးစူးလေးနဲ့အော်ချတယ် "မားမား..."

"သူ့ပါးစပ်ကိုပိတ်ခိုင်းလိုက်" ကုရှင်ချွမ်းကအေးစက်စွာနဲ့တိကျပြတ်သားစွာအမိန့်ပေးတယ်။

ဒါပေမဲ့ကလေးလေးကခနလေးနဲ့ချော့လို့မရဖြစ်နေတယ်။ ပိုပိုပီးငိုကြွေးကာ ပိုပိုပီးဆူ​ညံလာတယ်။ ကလေးကကြမ်းပြင်ပေါ်မှာလူးလိမ့်ပီးငိုတော့မဲ့ပုံပေါက်နေတယ်။

အမျိုးသမီးကရှက်ရွံ့စွာပြောတယ် "သူငိုလိမ့်မယ်လို့ကျွန်မထင်မထားလို့ပါ နောက်တစ်ခါကျသူ့ကိုခေါ်မလာတော့ပါဘူး"

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now