အပိုင်း(၁)

4.2K 105 0
                                    

    "   ကျွန်တော့်နာမည်က ဟိန်းဇေ ပါခင်ဗျာ  , ကျွန်တော့်တို့ SK company  ရဲ့ ဟောကြားပွဲကို တက်ရောက်လာကျတဲ့ လူတွေ အကုန်လုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ဒီနေ့ကတော့ ထုတ်ကုန်အသစ်‌ဖြစ်တဲ့ ... "

" ဟဲ့ ငါ သတင်းကြည့်နေတာလေ ခိုင်ရယ် "

" တော်စမ်းပါဟယ် , စားစရာရှိတာ စားပြီး အလုပ်သွားရမှာကို , သဇင် ရယ် မြန်မြန်စား "

" အေးပါ , ဒါပေမဲ့ လေ အဲ့ သူဌေးက ငယ်ငယ်လေးပဲ ရှိသေးတယ် , ငါတို့ နဲ့ သိပ်အသက်မကွာဘူး , မာနကြီးတယ်တဲ့ , အခုထိ ရည်စားတောင်တစ်ယောက်မှ မထားရသေးဘူးတဲ့ "

" ငါက အဲ့တာ ဘာလုပ် ရမှာလဲ ဟယ် , ငါမှာ ငါ့မောင်ကျောင်းစရိတ်အတွက် ပိုက်ဆံရှာရအုံးမယ် , သူအကြောင်းလည်း သိတဲ့အတိုင်း လောင်းကစားလုပ်နေတာ , မရှိရှ်ိတာ ငါ့မှာ ရှာပေးရသေးတယ် "

" ခိုင်ရယ် နင့်ဘဝ က လည်း တော်တော်ဆိုးလိုက်တာ , နင့်မောင်က လည်း မလိမ်မာ , သူ uni တက်တာ သူ့ပိုက်ဆံ နဲ့ သူ ရှာတတ်လို့ ရတာကို "

" သူက ငယ်ပါသေးတယ် , ငါက အကြီးလေ အဲ့တော့ ငါပဲ ရှာပါ့မယ် "

" နင်အဲ့လို လုပ်နေ နင့်မောင် နင့်ကို ရောင်းစားသွားလိမ့်မယ် "

" သဇင်ရယ် သူငါ့ကို အဲ့လောက်တော့ မလုပ်ပါဘူး "

" မထင်နဲ့ ခိုင် , နင့်မောင်က နင့်ကို ချစ်တာ မဟုတ်ဘူး , ရောင်းမစားဘူး မပြောနိုင်ဘူး "

" မဟုတ်တာတွေ ပြောမနေနဲ့ စားတော့ အလုပ်သွားရအုံးမယ် "

" နင်ဒီလို အချိန် အလုပ်တွေ နဲ့ပဲ အချိန်ကုန်နေတော့မှာလား , ခိုင်  "

" Company , အလုပ်က လျှောက်ထားပေမဲ့ အဆင်မှ မပြေသေးတာ , ဒါကြောင့် ရတဲ့ အလုပ်လေး လုပ်ရမှာပေါ့ , သွားပြီ သဇင်ရေ တာ့တာ " လို့ပြောပြီး ကျွန်မ ထွက်လာခဲ့တယ်

ဘဝက ထင်သလောက် မလွယ်ကူလှပါဘူး

ကျွန်မလိုတစ်ယောက်တည်း ရုန်းကန်နေရတဲ့ လူ အဖို့ ပိုတောင် ခဲယဉ်းပါသေးတယ်

ဒါပေမဲ့ လည်း ဘဝက စိတ်ညစ်စရာကြီးလို့ စဉ်းစားနေရုံနဲ့တော့ ဘာမှမပြောင်းလဲ နိုင်ပါဘူး အလုပ်ပြီးပြီး ပိုက်ဆံ ရှာ မှ ပြောင်းလဲ မှု တစ်ခုခု ရ မှာမှတ်လား

ကိုယ့်အနားမှာပဲ ရှိပေးပါ (Complete)Where stories live. Discover now