အပိုင်း(၄)

1.4K 60 0
                                    

" တောင်းပန်ပါတယ် , ခိုင်ရယ် ငါက "

" နားလည်ပါတယ် , မထင်ပဲ ဖြစ်သွားတာ "

" အကိုက ကျွန်တော့်အမကို နမ်းမိရင် အကိုတာဝန်ယူရမှာနော် "

" ဟဲ့ကောင်လေး , ပါးစပ်ပိတ်နေ "

" ခိုင် ငါပြန်တော့မယ် , မနက်ဖြန်မင်း အလုပ်လာခဲ့ "

" ‌ဟုတ်ဆရာ "

" အေးအေး " လို့ ပြောပြီး ကျွန်တော် ပြန်ထွက်လာတော့တယ်

သူရန်လုပ်မယ်ထင်တာ ဒါပေမဲ့ ကျွန်တော်ပြုံးမိပါတယ် ကျွန်တော့်ရဲ့ ပထမအနမ်း ပိုင်ရှင်က သူမ ဖြစ်နေလို့

" သခင်လေး , အဆင်ပြေရဲ့လား "

" ပြေတာပေါ့ "

" ကျွန်တော် သွားပို့်မယ်လို့ပြောတာ , သခင်လေး ကိုယ်တိုင်သွားတော့ ကျွန်တော် အံ့ဩနေတာ "

" ဘာအံ့ဩစရာရှိလို့လဲ "

" ရှိတာပေါ့  အများကြီး , ဒါနဲ့ သခင်လေး အဲ့ကောင်မလေးကို ကြိုက်နေတာလား "

" ဘယ်လို ဖြစ်နိုင်မှာလဲ , သူ့ကို ငါက ချစ်စရာလား "

" ကျွန်တော်သိနေတယ်နော် "

" ဘာသိတာလဲ "

" ထားပါ , သူလက်ခံလိုက်ပြီဆိုတော့ , ကျွန်တော် မနက်ဖြန် အလုပ်မဆင်းရတော့ဘူးပေါ့ နော် "

" အင်း , ဒါပေမဲ့ သူက အခုမှ အလုပ်ဆင်းမှာ‌ဆိုတော့ သိပ်မသိလောက်သေးဘူး , မင်း တစ်ပတ်လောက် ကူညီပေး "

" ဟုတ်ကဲ့ ဆရာ "

" အေး ဒါဆို company ကို ပဲ မောင်းတော့ " လို့ပြောပြီး ဆေးရုံကနေ ထွက်လာခဲ့တော့တယ်

........

" အမ "

" ဝေ "

" နင့်သူဌေး က နင့်ကို သဘောကျနေပုံပဲ "

" မဟုတ်တာ မပြောစမ်းနဲ့ , အခု နင် ရဲ့ လျှော်ကြေး ငွေအတွက် ငါ မလုပ်ချင်တဲ့ အလုပ်လုပ်ရတော့မယ်"

" သူဌေးက သဘောကောင်းမဲ့ပုံပါ "

" ဘာကို သဘောကောင်းတာလဲ , အပေါက်ဆိုးတာမှ တာတေ လန် , ပြီးတော့ ငါက ကိုလူချောကို ပဲ သဘောကျတာ , ငါဒီနေ့ အလုပ်ထွက်ရင်း တစ်ခါတည်း ဖွင့်ပြောမှာ "

ကိုယ့်အနားမှာပဲ ရှိပေးပါ (Complete)Where stories live. Discover now