ကျွန်တော်နဲ့ ခိုင် ထွက်လာချိန်မှာတင်
" ဥက္ကဌ ကြီး ကျွန်တော်တို့ နဲ့ အတူ ပူးပေါင်းပေးပါ" ဆိုတဲ့ စုံထောက်တွေရဲ့ အသံကို ကြားလိုက်ရတော့တယ်
" ခင်ဗျားတို့ဝရမ်း ပါလား " လို့ အဖေက ပြန်ပြောပြီး နောက် စုံထောက်င " ဒီမှာပါ ခင်ဗျ " လို့ပြောပြီး အဖေ့လက်ကို လက်ထိပ်ခတ်သွားတော့တယ်
ကျွန်တော်နဲ့ ခိုင်လည်း အဲ့မြင်ကွင်းကိုကြည့်ပြီး စိတ်ထဲမကောင်းတာတော့ အမှန် ဒါပေမဲ့ အပြစ်ဆိုတာကို ပြန်ပေးဆပ်ရမဲ့ တာဝန်တော့ ရှိသေးတယ်မှတ်လား
ဒီလိုနဲ့ ကျွန်တော့်အိမ်ကိုပဲ တစ်စိုက်မတ်မတ်ပြန်လာခဲ့တော့တယ်
" ကိုကို "
" ညီလေး အဆင်ပြေတယ်မှတ်လား "
" ဒီလောက် ထိ မြန်မြန် ဖြန့်လိုက်လိမ့်မယ်လို့ ကျွန်တော် မထင်ဘူး "
" မင်းက ငါ့အပေါ် ကျေးဇူးရှိတယ်လေ "
" မဟုတ်တာ ကိုကြီးရယ် ညီအစ်ကိုချင်းချင်း ကို "
" ငါ့ညီမင်းကတော့ သေချာ အုပ်ချုပ်ရမယ်နော် ပြီးတော့ နဒီနဲ့လည်း တစ်ဘဝကို သေချာတည်ထောင် "
" ဟုတ်ကဲ့ပါခင်ဗျာ , အကိုရောပဲ မမခိုင်နဲ့တူတူ တည်ထောင်နော် "
" ဒီကောင်လေးကတော့ လာနောက်နေတယ် " ထိုအချိန် " မမခိုင် " ဆိုပြီး ခိုင်ရဲ့ မောင်လေးသံကြားလာခဲ့တယ်
" ထွန်းမြတ် သဇင်ရောပဲ လာလေ "
" ဟိုကျွန်တော်တို့ကို "
" မမသဘောတူပါတယ်ကွယ် , စိတ်လုံးဝမဆိုးတော့ဘူးနော် , အချိန်တန်ရင် မင်ဂလာပါဆောင်ပေးမယ် " လို့ ပြောပြီး ကျွန်မ သူတို့ နှစ်ယောက်ကို ပြုံးပြီး ကြည့်နေတော့တယ်
ဒီလိုနဲ့ ကိုကို့ ရဲ့ အိမ်မှာ ရီမောသံလေးတွေက ပြည့်နှံပြီး ပျော်ရွှင်မှုတွေ နဲ့ အဆုံးသတ်ခဲ့တယ်
နှစ်နှစ်ကြာပြီးနောက်
" ကိုကို , သမီးလေးကို ကူထိန်းပေးပါအုံး, ဒီမှာ ဟင်းချက်ရအုံးမယ် "
" ဟုတ်ကဲ့ပါ ခင်ဗျာ , သမီးလေးရေ ဖေဖေ့ဆီလာပါ"
" သေချာထိန်းအုံး ကလေး ပြုတ်ကျမယ် " လို့ပြောပြီး ကျွန်မ ကိုကို နဲ့ သမီးလေးကို ပြုံးပြီး ကြည့်နေခဲ့တော့တယ်