အပိုင်း (၃)

1.7K 65 0
                                    

" မင်းသတိလေးဘာလေး ထားပါ "

" ကြွေပြားက ချောနေတာ‌ကို "

" မင်း က ပြောလိုက်ရင် အမြဲ ဆင်ခြေကြီးပဲ "

" ဒီ , ကောင် "

" ဘယ်လို ခေါ်လိုက်တယ် "

" ရှင့်နာမည် လား , အလုပ်ရှိတယ် မအားဘူး "

" နေအုံး , ငါ ပြောထားတဲ့ ကမ်းလှမ်းချက် ဘယ်လိုလဲ "

" ရှင့်ကမ်းလှမ်းချက်ကို လက်မခံနိုင်ဘူး " လို့ ပြောနေချိန် လူချောလေး ဝင်လာ‌တာကြောင့် ကျွန်မ ပြုံးမိလိုက်တယ်

" မင်း သူ့ကို ကြိုက်နေတာလား , သတိထား သူက ကောင်းတဲ့ ကောင် မဟုတ်ဘူး "

" ဘယ်သူကြိုက်နေလို့လဲ , သူများကိုလည်း မကောင်းဘူးတဲ့ အမှန်တော့ မကောင်းတဲ့ ကောင်က ရှင် "

" ဘာ , ငါ့ကို ပြောပြန်ပြီ "

" မပြောစေချင်ရင် , သူများကို မကောင်းမပြောနဲ့လေ "

" မင်းက ကြိုက်နေတာ သိသာနေတာကို "

" ရှင်နဲ့ ဆိုင်လား " လို့ပြောပြီး ကျွန်မ ထွက်လာခဲ့တော့တယ်

ကျွန်မစိတ်ထဲထင်နေတာ မှန်တယ် သူ ကိုလူချောကို ကြိုက်နေတာပဲ

အောင်မလေး သူ ကြိုက်နေလို့ သူများကို မကောင်းဘူး ပြောနေတယ်

" ခိုင် " ဆိုတဲ့ အသံကြောင့် ကျွန်မ အတွေးပျောက်သွားခဲ့တယ်

" ကို‌လူချော , အယ် ကိုထက်ပိုင် "

" ကျွန်တော့်ကို ဘယ်လို ခေါ်လိုက်တာလဲ , အခုနက "

" မဟုတ်ပါဘူး ရှင့် , ဘာခိုင်းစရာရှိလို့လဲ မသိဘူး "

"ဒီလိုပါ ... "

တစ်ဖက်တွင်

ဒီကောင်က ဘာလို့ သူ့အနားကပ်သွားတာလဲ

ဘာလဲ အဲ့ကောင်က ကောင်းတဲ့ကောင်မဟုတ်ဘူးလို့ ငါထင်နေတယ်

သူက မကောင်းဘူး နေပါအုံး ဘာလို့ အဲ့ကောင်မလေးက ပါ ပြုံးနေတာလဲ

သူက ငါ့ထက်ဘာတွေ သာနေလို့ လဲ

ဟာ ကပ်နေပြီ ဘာလို့ တဖြည်းဖြည်း ကပ်နေတာလဲ

ကိုယ့်အနားမှာပဲ ရှိပေးပါ (Complete)Where stories live. Discover now