Ep -1

869 60 0
                                    

Zawgyi

စာသင်နေချိန်မှာ ကျယ်လောင်တဲ့ခေါင်းလောင်း အသံကြောင့်

နာရီကိုမော့ကြည့်လိုက်ရာ 3နာရီဆိုသောကြောင့် အိမ်ပြန်ချိန်ရောက်နေပြီဆိုတာ ကိုသိလိုက်ပြီ
ဒါကြောင့် အရှေ့က ဆရာမကိုနှုတ်ဆက်လိုက်ပြီး Baekhyun စာအုပ်တွေကိုလွယ် အိတ်ထဲသေချာ ထည့်သိမ်းလိုက်သည်
ဘေးနားကတစ်ယောက်ကတော့အိပ်မက်တောင်မက်နေလားမသိ စာသင်ထဲကအိပ်နေတာ အခန်းထဲအကုန်လုံးပြန်သွားသောကြောင့်
Baekhyun နဲ့ထိုလူဆိုးကောင်သာကျန်ခဲ့သည် Baekhyunကပြန်ဖို့ပြင်လိုက်ပေမဲ့ ဟိုလူဆိုးကောင်ကတော့နိုးမဲ့ပုံမပေါ်သေး

Baekhyunလည်း အခန်းထဲသူတစ်ယောက်ထဲကျန်ခဲ့မည်ဆိုးသော ကြောင့် ထိုသူ့လက်ကို လှုပ်ခါနှိုးလိုက်သည်
'' ဒီမှာ ဒီမှာ ကျောင်းလွှတ်သွားပြီထတော့လေ အိမ်မပြန်ဘူးလား ''

''ဟင်.... အင့် ''

Chanyeolလည်းနားထဲကအသံကြောင့်မျက်လုံးကိုဖြည်းဖြည်းဖွင့်ကာ အညောင်းပြေအောင်
လက်ကိုဆန့်ကာအညောင်းအညာဖြေနေမိ၏
ထိုအခါဘေးမှကောင်လေးမှ

'' အိမ်မပြန်သေးဘူးလား ကျောင်းလွှတ်ပြီ ''

''aww ဒါဆို ငါပြန်တော့မယ် ဒါနဲ့ မင်းနာမည်က ''

''Byun baekhyun ''

'' အင် Byun baekhyun ငါပြန်တော့မယ် ''

''ဘာလည်းဟ နာမည်မေးပြီးချက်ချင်းပြန်သွားတာ သူ့ကိုနှိုးပေးတာကိုတောင်ကျေးဇူးမတင်သွားဘူး ''
baekhyunလည်းထွက်သွားသောထို ကျစ်ကန်ကန်လူဆိုးကောင်အကြောင်းပြောနေရင်း
ကျောင်းရှေ့မှာစောင့်နေမည့်ဖေဖေ့ကိုသတိရသွားကာ
''ဒီချိန်ဖေဖေရောက်နေပြီပဲ မြန်မြန်သွားမှနောက်ကျရင်အဆူက ခံရအုံးမယ်''ဟုဆိုကာအတန်းထဲကအလျင်မြန်ထွက်လာလိုက်၏

ကျောင်းအပြင်ရောက်တော့ ရှေ့ကိုလှမ်းကြည်လိုက်ရာ ဖေဖေကရောက်တောင်ရောက်နေပြီ

'' Bo boကျောင်းသားတွေတောင် အကုန်ထွက်သွားပြီဘာလို့နောက်ကျနေတာတုန်း ''

''သား စာအုပ်သိမ်းတာကြာသွားလို့ဖေဖေ ''

''အင် အင် လာဆိုင်ကယ်ပေါ်တက် ပြန်ကြစို့''

                  My youth and my love  (completed) Where stories live. Discover now