Zawgyi
Baekhyun အိမ်ပြန်ရောက်သည်နှင့် အပေါ်တတ် အခန်းထဲဝင် အဝတ်စားလဲပြီးနောက် ထမင်းစားရန်အတွက် ဆင်းလာခဲ့လိုက်သည် ထိုနောက်မီးဖိုချောင်ထဲဝင်ကာ ထမင်း ဟင်း ခူးခပ်နေသော မေမေ့ကိုတွေ့သောကြောင့် မေမေ့ဘေးသို့သွားကာ
ထမင်းဟင်းများကို ဝိုင်းဝန်းခူးခပ်ပေးလိုက်၏ထို့နောက် မနက်ကဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သတ်
ပြီးမေမေ့ကိုမေးရန် မေမေ့ကိုခေါ်လိုက်၏'' မေမေ ''
'' ဟေ ''
'' မေမေ့ကိုသားမေးစရာရှိလို့ ''
'' ဘာမေးမလို့လဲသားလေး မေးလေ''ထိုနောက် baekhyunလည်း
'' မေမေ မနက်က ကျောင်းမှာkim moonနဲ့တွေ့တော့ kim moonကပြောတယ်
သားနဲ့ သူနဲ့ကိုမေမေတို့ကအထက်တန်း ကျောင်းပြီးရင်နေရာချပေးမလို့ဆို အဲ့ဒါတကယ်လား ''Byun Hae wonလည်းသားပြောသောစကားကြောင့် ပြောသင့်မပြောသင့်စဉ်းစားတွေဝေနေမိသည်
Baekhyun မိမိ့အမေးကိုပြန်မဖြေလာသောမေမေ့ကြောင့် မေမေပြန်ဖြေလာမည့်အချိန်ကိုစောင့်မျှော်နေမိ၏ ထိုအခါ အနောက်မှ ပြန်ဖြေလာသော
'' ဟုတ်တယ် bo bo သူက bobo ကို
သဘောကျတယ် လက်ထပ်ချင်တယ်တဲ့
ကိုကိုလည်းသူနဲ့ ဆို bo boကို သဘောတူတယ် သူကကိုကို့သူငယ်ချင်း kim soungရဲ့ညီလည်းဖြစ် သူအကျင့်စရိုက်ဘယ်လိုရှိတယ်ဆိုတာလည်း အကုန်သိနေတာပဲလေ ပြီးတော့ သူ့အကြောင်းကလည်းအကုန်သိတော့
သူကောင်းတယ်မကောင်းဘူးဆိုတာ ကို သိတယ်
boboနဲ့ကလည်းငယ်ငယ်ထဲကသိနေတာပဲလေပြီးတော့ အတန်းကလည်းတူတူပဲ အခန်းလေးပဲကွဲတာ boboလည်း သူကျောင်းမှာအနေအေးတယ်မအေးဘူး ပွေရှုပ်တယ်မရှုပ်ဘူးဆိုတာလည်းသိနေတာပဲ
ပြီးတော့ ဒီကိစ္စကလည်း ဟိုးအရင်ထဲက လူကြီးချင်းသဘောတူထားတဲ့ကိစ္စပဲ
Bo Boကို မတော်သရော်တွေနဲ့တွေ့သွားမှာဆိုးလို့ ဖေဖေ နဲ့မေမေက သဘောတူလိုက်တာအဲ့ကြောင့် အထက်တန်းကျောင်းပြီးးရင်သူနဲ့နေရာချထားပြီး တက္ကသိုလ်ပြီးရင်တော့ လက်ထပ်ပေးဖို့ နှစ်ဖက်မိဘတွေအကုန်တိုင်ပင်ပြီးသား ''
VOCÊ ESTÁ LENDO
My youth and my love (completed)
Fanficမောင်ရဲ့အနာဂတ်ခရီးလမ်းတွေကို ရှေ့လျှောက်huနဲ့ပဲအတူတူဖြတ်သန်းသွားတော့ မယ် Park chanyeol ဆင်ရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေနာဖျားသည်ဖြစ်စေ hu ကတော့မောင်နဲ့ပဲအသက်ဆုံးတိုင်သည့်အထိ အတူတူအိုမင်းတဲ့အထိနေထိုင်သွားမယ် ...