Ep -9

374 35 0
                                    

Zawgyi

    မောင်နဲ့မတွေ့ရတဲ့ရက်တွေက baekhyun
အတွက်ငရဲကျနေတဲ့အတိုင်း အရမ်းပူလောင်လွန်လှသည်
        ဟုတ်ပါတယ် baekhyunတစ်ယောက်
မောင်နဲ့မတွေ့ရတာ၎ ၅ ရက်မျှကြာခဲ့ပြီပင် ဟိုတစ်ခေါက် baekhyunနဲ့ မောင့်အကြောင်းကို ကိုကိုသိ
သွားတဲ့နေ့ အိမ်ပြန်ရောက်သောအခါဖေဖေကိုဖြစ်
ပျက်ခဲ့သမျှအကြောင်းစုံပြောလိုက်ထဲက အိမ်ထဲကအိမ်ပြင်ပေးမထွက်တော့ပေ ထိုနည်းတူ မောင့်ဆီသို့ဖုန်းဆက်ရန်ကြံစည်ခဲ့သောbaekhyunရဲ့
ဖုန်းကိုမြင်သွားသောကိုကိုက မောင်ပေးခဲ့တဲ့ တစ်ခုတည်းသောမောင်နဲ့သူဆက်သွယ်နိုင်တဲ့
မောင်ရဲ့သြရှရှအသံလေးကိုကြားနိုင်းတဲ့ဆက်သွယ်မှုလေးကိုပါဖျက်တောက်ခဲ့သည်
          အရမ်း ချစ်မိခဲ့လို့များအဲ့လောက်ခံစားနေရတာများလား ကိုချစ်ရသူနဲ့ဝေးကွာရတဲ့အချိန် ၁ရက်က ၁နှစ်လောက်ပင်ကြာသည်ဟုအောက်မေ့
လောက်အောင်ကိုကြာသည်

Haewonတစ်ယောက် မနက်စာဆင်းမစားသောသားငယ်လေးကြောင့် သားငယ်လေးအခန်းရှိရာဆီသို့တတ်လာခဲ့သည် အခန်းတံခါးဖွင့်သည်နှင့် ကုတင်ပေါ်တွင်ငူငူငိုင်ငိုင်ထိုင်နေသောသားဖြစ်သူကိုတွေ့လိုက်ရသောကြောင့် စိတ်မကောင်းဖြစ်မိ၏
အရင်နေ့ပြသာနာဖြစ်သည့်နေ့ကစ တမှိုင်မှိုင်တထွေထွေဖြစ်နေသောသားဖြစ်သူကြောင့် သားရှိရာကုတင်ဘေးတွင်ဝင်ထိုင်လိုက်ကာ

  '' သားလေ  ဘာလို့မနက်စာဆင်းမစားတာလဲ''

ဒဏ်ရာတွေနဲ့ကျန်ခဲ့တဲ့မောင် အဆင်
ပြေပါ့မလားဆိုတာတွေးမိတိုင်းသားစားမဝင်ပါဘူးမေမေရယ် ဟုစိတ်ထဲကပြောနေသော်လည်းအပြင်လက်တွေ့မှာတော့

      '' သား စားချင်စိတ်မရှိလို့ပါမေမေ ''

Haewonသိပါသည် သားဖြစ်သူဘာလို့ဒီလိုဖြစ်နေရတယ်ဆိုတဲ့အကြောင်းကို သို့သော်လည်း

        ''သြော် သားရယ် စားချင်စိတ်မရှိပေမဲ့လည်း
နည်းနည်းလောက်ဖြစ်ဖြစ်ဝင်အောင်စားလိုက်ပါလားသားရယ် '' ဟုသာပြောနိုင်သည် ဘာလို့ဆို သူသည်လည်း သားငယ်လေးအတွက်ဘာမှမကူညီနိုင်သောကြောင့်ပင် ။သားကြီးပြောသောစကားကြောင့် သားငယ်လေးကနုငယ်သေးတဲ့အရွယ်ဖြစ်တာကြောင့် စိတ်ကစားမိတာပါဟု ထင်မိသော်လည်း သားငယ်လေးကိုအိမ်ကနေအပြင်ပေးမထွက်သည့်နေမှစ သားငယ်လေးရဲ့ပုံစံကိုကြည့်
ချင်းအားဖြင့်သူတကယ် ချစ်မိသွားခဲ့တာဟု ထင်
သည် သားငယ်လေးအကြောင်းစဉ်းစားမိသည်နှင့်
သားငယ်လေးကျောင်းမသွားသည့်နေ့မှစ၍
နေ့လည်နှင့်  ညနေခင်းတိုင်း ဆိုင်ကယ်တစ်စီးဖြင့် အိမ်နားတွင်အမြဲလာ နေကာ haewonတို့အိမ်
ဘက်ကိုလှည့်ကြည့်ကာတစ်ခုခုကို လာကြည့်နေ
သောကောင်လေးကိုအခုရက်ပိုင်း haewon အ
မြဲတွေ့နေရတတ်သည်

                  My youth and my love  (completed) Onde histórias criam vida. Descubra agora