Ep-3

582 44 0
                                    

Zawgyi

Chanyeol နဲ့baekhyun သူငယ်ချင်းဖြစ်တာအခု ဆို 3ရက်တောင်ရှိပြီပင်  ဒီ3ရက်အတွင်းမှာပဲ အရမ်းခင်တဲ့သူငယ်ချင်းတွေလိုဖြစ်သွားခဲ့
ကြသည် Chanyeolလည်း ဒီရက်ထဲbaekhyunအကြောင်းကိုသိလိုက်ရတာကတော့ အိမ်မပိုင်တဲ့ကောင်လေးဆိုတာကိုပင်
အထက်တန်းကျောင်းသားတစ်ချိုက စက်ဘီး
ဒါမှမဟုတ် chanyeolလိုဆိုင်ကယ်ဖြစ်သာ
တစ်ယောက်ထဲလာကြသည်ကများသည်
       သို့သော် baekhyunကတော့ chanyeolတို့လိုမဟုတ် အချိန်တန်ရင်ကျောင်းကိုအိမ်ကသူ့အဖေကိုယ်တိုင်လာပို့ပြီး ကျောင်းလွှတ်ရင်လည်း သူ့အဖေကိုယ်တိုင်လာကြိုနေကျပင်ဖြစ်သောကြောင့် သူအိမ်မပိုင်ဘူးဆိုတာကိုသိခဲ့ရ၏
    ဘာလို့လဲဗျာ တကယ်ဆို ဒီအရွယ်တွေဆိုတာ
ကိုယ့်ဘာသာကို လွတ်လွတ်လပ်လပ်သွားချင်လာချင်ကြတာကြီးပဲ ခုလို ချုပ်ချယ်လွန်းပြီး တင်းကြပ်
လွန်းသော baekhyunရဲ့အိမ်ကလူတွေကိုလည်းအံ့သြမိ၏

ဟော ပြောရင်ဆိုရင် နှုတ်ခမ်းဆူပြီး ကျောပိုးအိတ်လေးကိုင်၍ လာပါပြီလေ ဘာတွေအလိုမကျဖြစ်လာပြန်ပြီလဲမသိ

'' ဟေ့ hu ဘာတွေဖြစ်လာပြန်ပြီလည်း ''

hu ဆိုတာကတော့ သူအိမ်ခေါ်နာမည် Bobohuဆိုတာလေး ကိုသူ့အိမ်ကသူတွေခေါ်သလို bobo ဟုမခေါ်ချင်သောကြောင့်သူများနဲ့ မတူအောင်ခေါ် ခြင်းဖြစ်သည်

'' ဘာဖြစ် ရမှာလဲအိမ်ကသူတွေပေါ့လူကိုကလေးကျနေတာပဲ အမြဲစိတ်မချ ဖြစ်နေတာ
မိန်းကလေး လည်းမဟုတ်ပဲနဲ့ ချုပ်ချယ်သလားမမေးနဲ့ ''

နှုတ်ခမ်းလေးထော်ကာ ပြောနေသော ထိုကောင်လေး ကအသည်းယားစရာလေးပင်

'' Hu ကဘာတွေသွားပြောလို့လည်း ''

'' ကျောင်က ပြန်ရင် သူငယ်ချင်းနဲ့အပြင်ကိုလျှောက်လည် ချင်တယ်လို့ပြောတာကို ''

'' သြော် ဒါများ အခု ကျောင်းပြေးပြီး လျောက်သွား ရအောင် ''

'' Yeol ကလည်းဖြစ်ပါမလားး တော်ကြာဖေဖေသိသွားရင် ဘယ်လိုလုပ်မလဲ ပြီးတော့အတန်းပိုင်ဆရာမ ကပြန်ပြော ''

'' ' ရှူးးး ' ကိုယ့်ကို ယုံကြည်ပြီး ကိုယ့်နောက်ကိုသာလိုက်ခဲ့စမ်းပါ ဘယ်သူမှမသိစေရဘူး
ပြီတော့ huလည်းအဆူမခံစေရဘူး ကိုယ့်ကိုယုံတယ်မလားး ''

                  My youth and my love  (completed) Kde žijí příběhy. Začni objevovat