Ep-8

414 39 0
                                    

Zawgyi

      ဒီနေ့မနက်ခင်းလေးမှာတော့ မနေ့က ပျော်ရွှင်မှုများကို
အတွေးတွေထဲပုံဖော်မိရင်း chanyeolတစ်
ယောက်နှုတ်ခမ်းများကွေးညွှန့်အောင်ပြုံးမိရင်းစိတ်ကြည်လင်းမှုနှင့်အတူနိုးထလာခဲ့ရသည်
     ထိုနောက်အိပ်ယာထပ်ကမထခင်အိပ်ယာ
ဘေးက ခုံပေါ်တင်ထားသောဖုန်းကိုယူလိုက်၏
ပြီးနောက်မပျက်မကွက်ပို့နေကျဖြစ်သောစာလေးတစ်စောင်ကို ပို့လိုက်၏ ထိုစာပို့သည့်အလုပ်ပြီးသည်နှင့် အိပ်ယာထပ်မှထကာ ရေချိုးခန်းထဲဝင်ကာ
တစ်ကိုယ်ရေသန့်ရှင်းရေလုပ်နေလိုက်၏

Baekhyunတစ်ယောက် အိပ်နေရင်းမှ ' ဂလောင် ' ဆိုသောအသံကိုကြားလိုက်ရသောကြောင့် မျက်လုံးများမှိတ်လျှက်ဖုန်းကိုလိုက်စမ်းနေမိ၏
ကုတင်ပေါ်လိုက်စမ်းကြည့်သော်လည်းမတွေ့သောဖုန်းကြောင့် မျက်လုံးများကိုခပ်သာသာလေးဖြေးဖြေးချင်းဖွင့်လိုက်၏ထို့နောက်မှာသောဘေးဘီဝဲယာကိုရှာကြည့်လိုက်သည့်အခါမီးအိမ်တင်ထားသောခုံပေါ်မှာဖုန်းကိုတွေ့လိုက်ရ၏အဲ့နောက်မှာတော့ ဖုန်းကိုလှမ်းယူလိုက်ကာ ဖွင့်ကြည့်လိုက်၏ထိုအခါ 'mg❤️'ဆိုသော nameလေးကပေါ်လာပြီး messageပို့ထားတာတွေ့သော
ကြောင့်ဝင်ကြည့်လိုက်၏

     '' မောင့် အချစ်လေးနိုးပြီလား ''ဆိုသောခါတိုင်ပို့နေကျနဲ့မတူသော baekhyunအတွက်ဒီနေ့သုံးထားသော '' အချစ် ''ဆိုတဲ့နာမ်စားလေး
ကြောင့် baekhyunနှုတ်ခမ်းထပ်မှာအပြုံးလေးဆင်မြန်းမိသည်ပြီးနောက်baekhyunလည်း
မောင့်ဆီသို့ပြန်လည်းစာပို့လိုက်၏ပြန်လည်ပေးပို့
့လိုက်သောစာလေးကတော့

    '' မောင့် အချစ်လေးအခုပဲနိုးနေပါပြီနော် ''ဟူသောစာလေးပင် baekhyunလည်းစာပို့ပြီးသည်နှင့် အိပ်ယာမှထကာရေးမိုးချိုးရန်ပြင်ဆင်လိုက်၏ရေချိုးခန်းထဲမဝင်ခင်မှာလည်းဖုန်းကို ဖွက်ရန်မမေ့မပေ အရင်ထားနေဖွက်နေကျ လွယ်အိတ်လေးထဲထည့်လိုက်၏
ပြီးနောက်မှာတော့ရေချိုးခန်းထဲသို့ဝင်လိုက်၏

Chanyeolတစ်ယောက်ရေမိုးချိုးပြီသည်နှင့် ရေးချိုးခန်းထဲမှထွက်လာလိုက်၏ပြီးနောက်အိပ်ယာပေါ်တင်ထားခဲ့သောဖုန်းလေးကိုတစ်ချက်ကြည့်လိုက်၏  messageဝင်လာတာပဲဖြစ်ဖြစ်ဖုန်းခေါ်လို့မကိုင်မိတာဖြစ်ဖြစ် ပေါ်လာသောမီးစိမ်းလေးကြောင့်ဖုန်းကိုဖွင့်ကြည့်လိုက်သည့်အခါ

                  My youth and my love  (completed) Where stories live. Discover now