စာကြောင်းအမျိုးအစား(U/Z)

760 159 33
                                    

အိပ်ပျော်နေသော ကာလနဂါးမင်းရဲ့ညီမ စာရေးသူပြန်လာပါပြီ။😂😂

အလကားစတာပါ စိတ်ပါမှရေး မပါတဲ့အချိန်ကများနေသော ကျွန်မကို ခွင့်လွှတ်ပေးကြပါနော်။✍️✍️

ဇာတ်အိမ်အကြောင်းတွေရေးပေးမယ်လို့ ပြောခဲ့ပေမဲ့ အဓိကကျပြီး အခြေခံအပိုင်းလည်းဖြစ်တဲ့ အကြောင်းအရာတွေအများကြီးပြောဖို့ကျန်နေသေးလို့ပါနော်။
ဥပမာ - "စာကြောင်းအမျိုးအစား "လိုပေါ့။

မြန်မာစာမှာ "စာတစ်ကြောင်းဟာ ဘာကိုခေါ်သလဲ။"လို့ ရှင်းပြစရာမလိုဘူးထင်ပါတယ်။

ဒါဆို "အမျိုးအစား"

"မြန်မာစာကြောင်းတွေမှာ အမျိုးအစားဆိုပြီးခွဲလို့ရလား။ ရှိရော ရှိသလား။"

ဒါကတော့ တရားဝင်ပြဋ္ဌာန်းချက် ရှိမရှိ စာရေးသူမသိပါဘူး။ကိုယ်ပိုင်လေ့လာတွေ့ရှိချက်အရဖြေပါဆိုရင် စာကြောင်းအမျိုးအစားတွေခွဲလို့ရပါတယ်။အများကြီးဆိုပေမဲ့ wattpad စာရေးသူတွေအသုံးဝင်မဲ့ အချို့ကိုပဲ တင်ပြပါမယ်။

(ဒီကနေ သေချာစဉ်းစားဖတ်ပေးနော် အရေးကြီးလို့ပါ အယူအဆအမှားတွေကို တည့်တည့်ကြီးပဲထောက်ပြတော့မှာမို့ အနာရှိရင် စပ်ပါလိမ့်မယ် ဒါပေမဲ့ ဘယ်လူကြီးမင်းကိုမှ ပုဂ္ဂိုလ်ရေးတိုက်ခိုက်ချက်မပါလို့ နားလည်ကျဖို့ တောင်းဆိုပါတယ်)

1.ရေးတဲ့အခါဖြစ်လေ့ရှိသောအမှားများ

စာအရေးအသားကောင်းဖို့ဆိုတာ

စကားလုံးအနုအရွလေးတွေရေးပြီး Emotionတွေ feelingတွေအများကြီးရေးလိုက်တာနဲ့ ပြည့်စုံပြီ

ထင်လိုက်ရင် လုံးဝ မှားပါတယ်နော် ❎❎❎

စာလုံးအနုအရွတွေနဲ့ စိတ်ခံစားချက်တွေကိုဖော်ပြတတ်ခြငိးဟာ စာရေးခြင်းအတတ်ပညာတစ်ခုပါ ဝန်ခံတယ်

ဒါပေမဲ့ ဇာတ်လမ်းတစ်ပုဒ်လုံးမှာ ပါတဲ့စာကြောင်းတိုင်းဟာ အနုအရွတွေနဲ့ စိတ်ခံစားချက်တွေချည်းပဲ ဆိုရင်တော့ ဒါပြန်စဉ်းစားရလိမ့်မယ်

(ဒါမျိုး emotional onlyရေးကျတဲ့ အက်ဆေးအမျိုးအစားက သပ်သပ်ရှိပါတယ်)

မြန်မာစာပေအခြေခံမှ ရသစာပေသို့Where stories live. Discover now